မြန်မာမှု့ပြုထားတဲ့
ဒီမိုကရေစီ အစမ်းသပ်ခံနိုင်လေမလား....ကျေးဇူးပြုပြီး ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်နေသူများကို အကြမ်းမဖက်ဘဲ ဖြေရှင်းပေးပါ ....( သို့.../
နိုင်ငံတော်သမ္မတနှင့်တကွတာဝန်ရှိသူများ )
Showing posts with label တောင်းဆိုလှုပ်ရှားမူများ. Show all posts
Showing posts with label တောင်းဆိုလှုပ်ရှားမူများ. Show all posts
Monday, May 28, 2012
Sunday, February 5, 2012
စုပ်လည်း စုပ်နိုင်ကြပါပေတယ် ( ဂုတ်သွေး )
ဖုန်းကိစ္စ ရင်ဖွင့်သံ
ဒီမှာ ဗမာပြေမှာ လူပေါင်း သန်၇၀ လောက်ရှိမှာပေါ့၊ GSM SIM ကဒ်
အလကားပေးတယ်ဆိုရင် အားလုံးယူကြမှာထားပါတော့ သန်း၄၀ယူမယ်လို့ပဲ ထားပါတော့
အဲဒီ GSM SIM ကဒ် သန်း ၄၀ က တစ်ရက်ကို တစ်မိနစ်စီပဲ Local ဖုန်းပြောအုံး
လက်ရှိ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေးနှုန်းထား အတိုင်းတွက်ကြည့်ရင် တစ်မိနစ် ၅၀ X သန်း ၄၀ = မြန်မာကျပ်ငွေ သန်းနှစ်ထောင် (နှစ်ဘီလီယံ) အားပါးပါး
ကဲ ပျမ်းမျှ တစ်ရက် ၂၄ နာရီ ထဲက မိနစ် ၂၀ စီ (၂၄x၆၀/၂၀=၇၂၊ မိနစ်၂၀ ဆိုတာ တစ်နေ့တာရဲ့ ၇၂ပုံတစ်ပုံပါ) ဖုန်းပြောတယ်ဆိုပါဆို့
လက်ရှိ တစ်မိနစ် ၅၀နှုန်းနဲ့ ဆို တစ်ရက်ဝင်ငွေဟာ ကျပ်ငွေသန်းပေါင်းလေးသောင်း = ကျပ်လေးဆယ်ဘီလီယံ = အမေရိကန်ဒေါ်လာ သန်း၅၀ပေါ့
တစ်နှစ်စာတွက်ကြည့်ရအောင် = သန်း၅၀ x ၃၆၅ = အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၂၅၀ = အမေရိကန်ဒေါ်လာ ၁၈.၂၅ ဘီလီယံပေါ့
... အလဲ့ အင်မတန် ကိုက်တဲ့ စီပွားရေးပါလား
ဒီလိုပြောကြည့်မယ်နော် ဆင်းကဒ် သန်း ၄၀ ကို အလကားပေး၊ ဖုန်းပြောခကို ၅၀ နဲ့ပဲ တစ်နှစ်လောက်ဆက်ကောက် ပါ ပေါ့
ဟုတ်တယ်ဟုတ်၊ တစ်နှစ်ကို ဒေါ်လာ ၁၈.၂၅ ဘီလီယံ ၀င်မယ့် ကိစ္စနော်၊
ဖုန်းသန်းလေးဆယ် အတွက် အင်ဖရာစရွက်ချာ ခေါ်တဲ့ လိုအပ်တဲ့ အိန်ချိန်းတို့ ဂိတ်ဝေးတို့ကို ကြီးကြီးကျယ်ကျယ် လျောက်ပြောမနေပါနဲ့
(နမူနာပြောတာနော်) ကျနော့်ကိုသာလုပ်ပိုင်ခွင့်ပေြး ကည့်၊ အဲဒီလုပ်ပိုင်ခွင့်လက်မှတ်ယူပြီး တစ်ကမ္ဘာလုံးက Investment & Developement Bank တွေ လျောက်ပြမယ်
အဲဒီအတွက် တစ်နှစ်အတိုး ပြားစွန်းလေးနဲ့ ငွေချေးချင်တဲ့သူတွေ တစ်ပုံတစ်ပင်ကြီး အရေးကြီးတာက လုပ်ပိုင်ခွင့်လေ လုပ်ပိုင်ခွင့် ဟဲဟဲ
နောက်တစ်နည်းက ဆင်းကဒ် သန်း၄၀ ဆို ဟန်းဆက်သန်း၄၀ လိုလာမယ်၊ ဟန်းဆက် သန်းလေးဆယ် ရောင်းချင်တဲ့ ကုမ္ပဏီတွေ ဒီကိုလာ၊
အဲဒီရောင်းခွင့်အတွက် အိတ်ချိန်းတွေ ဂိတ်ဝေးတွေ ကော်နက်ရှင်တွေ ဖရီးလုပ်ပေးရမယ်လို့သာပြောလိုက် ၊ အပြေးအလွှားကိုလာကြမှာ မြင်ယောင်သေး
မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး
က အင်ဂျင်နီယာဂျီးတို့ရယ် ဆက်သွယ်ရေးကို ခင်ဗျားတို့ တစ်ယောက်ထဲ သိတယ်လို
ထင်ပြီး ဖင်ဂေါင်းမကျယ်ကြပါနဲ့ (ကျုပ်လဲ အင်ဂျင်နီယာပါဗျ အာအိုင်တီက
အင်ဂျင်နီယာပါဗျ) တိုင်းပြည်ကို ဖျက်ဆီးတဲ့နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်
အဖြစ် မပါမိကြပါနဲ့ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး က အင်ဂျင်နီယာဂျီးတို့ရယ် အဟက်ဟက်
(ဒါနဲ့ လက်ရှိ တစ်ရက်ဖုန်းပြောနေတဲ့ နှုန်းကလဲ မနဲဘူးနော် ၊ လက်ရှိကိုပဲ တစ်ရက် ကို ဘယ်လောက်ငွေဝင်နေလဲ မသိဘူး
တစ်ခါသုံးဖုန်းဆိုပြီး ထွင်ရောင်းတာလဲရှိသေး၊ တစ်ခါသုံးကဒ် GSM က သုံးသန်း နဲ့ CDMA က နှစ်သန်းလောက် ရောင်းပြီးပြီကြားတယ်
ဒီမှာတင် 3000000x20 + 2000000x50 = အမေရိကန်ဒေါ်လာ သန်း ၁၆၀ လောက် သာသာလေး ကယ့်ယူသွားပြီ
By: Tin Nwe
၉၄ ရာခိုင်နှုန်းသော ပြည်သူများကို ငဲ့ညှာပါ
ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်း
ဥပဒေနှင့်ပဲ ကိုင်ပေါက်သူကပေါက်၊ ဆင်းမ်ကတ်ဆိုတာတော့ ပေါတာပေါ့ (ခုကျမှ)၊
အရေးကြီးတာက နက်ဝပ် . .. နက်ဝပ်တွေဆောက်ရတာလွယ် မှတ်လို့ဟု ငေါက်ငမ်းသူက
ငေါက်ငမ်း . . . ဂြိုဟ်တုမရှိလို့ ဒီလိုဈေးကြီးနေရတာလို့ အကြောင်းပြသူကပြ …
ငါတို့ နက်ဝပ်ကို မဖြတ်ဘဲ ဒင်းက ဘယ်ကဖြတ်မှာတဲ့လဲ … လုပ်ကြည့်စမ်းပါ ဟု
မာန်သူကမာန် .. နည်းပညာကို လွှဲချသူကချ ..
သေချာတာကတော့ ဒီသတင်းအပေါ်
အလွန်ပင်ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြသော အများပြည်သူကြီးက တစ်ဖက် …
အကျိုးစီးပွားတွေ၊ အခွင့်အာဏာတွေနှင့် လုပ်ပိုင်ခွင့်တွေ
ကိုင်လှုပ်ခံရတော့မလို အလန့်တကြား ငြင်း ဆန်ကန့်ကွက်သံတွေ ထွက်လာတာတွေက
တစ်ဖက်

ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲရင်/တို့ခွင့်ပြုထားသူကလွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း... Messenger Journal Vol.2 No.38 Suppl...ement A ပါဆောင်းပါး ၉၄ ရာခိုင်နှုန်းကို စာနာပါ အဆိုးမြင်သူတစ်ယောက် မဟုတ်သည့်တိုင် ငါးထောင်ဖုန်းသတင်း စကြားလိုက်သည်နှင့် ဘယ်လိုတုန့်ပြန် သံတွေ ထွက်လာမလဲဆိုတာ မှန်းဆမိခဲ့ပါသည်။ အများပြည်သူတွေက ကြိုဆိုကြသည်။ ကမ္ဘာ့အမြင့်ဆုံး ဆင်းမ်ကတ်ပေါက်ဈေးနှင့် ၀ယ်သုံးခဲ့ရပြီး (အလွန် အတ္တကြီးသူတချို့ကလွဲလျှင်) ဖုန်းရှိနှင့်ပြီးသူတွေကလည်း မုဒိတာ ပွားကြသည်။ မယုံနိုင်ကြသော်လည်း အဲဒီအ တိုင်း ဖြစ်လာပါစေဟု ပြောကြဆိုကြသည်။ မဟာအခွင့်ထူး ရခဲ့ဖူးသူတို့ဘက်ကလည်း ချက်ချင်းအသံထွက်လာသည်။ ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်
Sunday, January 22, 2012
၅၀၀၀ တန်ဆင်းမ်ကဒ် ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းတောင်းဆို ကြပါစို့
ဘယ်လိုလဲ ...ဘယ်လဲ သမ္မတကြီးဦးသိန်းစိန်နှင့်
အစိုးရအဖွဲ့ဝင်များ...နိုင်ငံတော်နှင့်နိုင်ငံသားတွေကို
စေတနာတရားကြီးမားလှပါပြီးဆို.......လက်တွေ့ပြချိန်ရောက်နေပါပြီး....မလုပ်နိုင်တဲ့သူများ
(ဆက်သွယ်ရေးဝန်ကြီး နှင့် အပေါင်းပါများ ) ကျေးဇူးပြုရု " ကဖျက် ရဖျက်"
တော့မလုပ်ကြပါနဲ့....လုပ်နိုင်တဲ့သူများကို လမ်းဖွင့်ပေးလိုက်ကြပါ...
" လှည်းဘီးနွံထဲ ကျွံနေသည် နိုင်ငံသားတိုင်းကူရု တွန်းပေးကြပါ "
" လှည်းဘီးနွံထဲ ကျွံနေသည် နိုင်ငံသားတိုင်းကူရု တွန်းပေးကြပါ "
ကျွန်တော်တို့ရဲ့ အိမ်နီးချင်း၊ လူဦးရေထူထပ်များလည်းများ ဆင်းရဲပါတယ်ဆိုတဲ့ ဘင်္ဂလားဒေရှ့် မှာတောင် ကျွန်တော်တို့ထက်ကို ဘာကြောင့်လူတိုင်းဖုန်းကိုင်နေနိုင်ရတာလဲ...
http://www.facebook.com/5000SimCard?sk=friendactivity#!/5000SimCard
အောင်ဇော် ရေးသားသည် ။
Subscribe to:
Posts (Atom)




