Pages

Saturday, July 26, 2008

ချစ်သောမြန်မာပြည်ကျောင်းရဲ့ဒုတိယအကြိမ်ဝါဆိုသင်္ဃန်းကပ်လှုပွဲ






DEAR BURMA Program School ရဲ့ဒုတိယအကြိမ်မြောက်(၂၀၀၈) ၀ါဆိုသင်္ဃန်းကပ်လှုပူဇော်ပွဲအခမ်းအနား ကို ဗန်ကောက်မြို့၊ Rechathewi ရှိအဆိုပါကျောင်းဝင်းအတွင်း ၂၀.၇.၀၈ - တနင်္ဂနွေနေ့ကကျင်းပခဲ့ပါတယ်။ ဦးစွာ ၀တ်ရွတ်မောင်မယ်များရဲ့ ဓမတေးများနှင့်အခမ်းအနားကိုစတင်ပြီး မြန်မာဘုန်းတော်ကြီး ၅-ပါး ၊ ယိုးဒယားဘုန်းတော်ကြီး ၅-ပါးတို့ကိုနေ့ဆွမ်းဆက်ကပ်လှုဒါန်းကြပါတယ်။ ယင်းနောက်ယိုးဒယားဘုန်းတော်ကြီး မှတရားတော်များကိုဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါတယ်။ အခမ်းအနားကိုတက်ရောက် လာကြတဲ့ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ဧည့်သည်တော်များကို မြန်မာမုန့်ဟင်းခါး၊ မုန့်ပဲ သရေစာများနှင့်ဧည့်ခံကျွေးမွေးပါတယ်။ဆက်လက်ပြီးနေ့လည်ပိုင်းမှာတော့သံဃာဦးသျှောင်အဖွဲ့၊စည်းရုံးရေးမူး (ထိုင်းနိုင်ငံ) ၊ ဆရာတော်ဦးဇောတိ(ဗုဒ္ဒဘာသာ၊ချုလာလောင်ကွန်းတက္ကသိုလ်မှတရားတော်များကိုဟောကြား ခဲ့ပါတယ်။ပြီးနောက်အခမ်းအနားကိုတက်ရောက်လာကြတဲ့ကျောင်းအုပ်ဆရာကြီး၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊၀တ်ရွတ်မောင်မယ်များနှင့်ဧည့်သည်တော်များစုပေါင်းပြီး အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက် ကြပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ပါတယ်။ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီးနှင့်ဆရာများ၊ကိုယ်တိုင်ကိုယ်ကျအဘက်ဘက်မှဦးဆောင်ပါဝင်ခဲ့ကြသောDEAR BURMA Program School ရဲ့ အလင်းရောင်-စာကြည့်တိုက်ဝိုင်းတော်သူ၊၀ိုင်းတော်သားများနှင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်းမှတ်တမ်းတင်အပ်ပါသည်။ ။


Saturday, July 19, 2008

အာဇာနည်သူရဲကောင်းများကိုလေးစားစွာအလေးအမြတ်ပြူပါသည်။



အဖြူရောင်တိမ်တိုက်များကိုမွေးဖွားခြင်း

အဖြူရောင်တဲ့
တကယ်ကိုဘာ COLOUR မှမပါတဲ့အဖြူရောင်ပါ.......
ဘာ COLOUR မှမမြင်ရလို့လား...........
ကျွန်တော်ကိုယ်၌ကလည်းဘာ COLOUR ကိုမှ
မခြယ်မှူန်းတတ်သေးလို့လား..........
CRAZY နှင့် GRAY ဆိုတာ
ဧဒင် လက်ထက်တုန်းကလိုပါဘဲလား.........
PINK COLOUR ဆိုတာကရော
ကယ်လီယိုပတ်ထရာ လက်ထက်ရောက်တော့
ရိပ်တိတ်တိတ်ရှိခဲ့ပြီးလား..........
ရိုမီယို နှင့် ဂူလီယက်(စ်) တို့ကြပြန်တော့
အဖြူရောင်ဆိုတာ အနက်ရောင်တွေအဖြစ်
သေချာသွားခဲ့ကြလေသလား.........
ကျွန်တော်နှင့်သူမ တို့လက်ထက်မှာတော့
အဖြူရောင်တွေဟာ........
တိမ်တိုက်တွေအဖြစ်နှင့် ဝရုန်းသုန်းကား
သည်းထန်စွာ ပြိုဆင်းခဲ့ကြလေတော့တရ်.........
အောင်ဇော်ဦး ( ၁၉.၇.၂၀၀၈ )