Written by - အောင်ဇော်(whitecloud)
Showing posts with label ကျွန်တော့်ရဲ့ အပိုင်းအစ တချို့. Show all posts
Showing posts with label ကျွန်တော့်ရဲ့ အပိုင်းအစ တချို့. Show all posts
Wednesday, June 13, 2012
လူမျိုးရေး၊ဘာသာရေးနဲ့ဒီမိုကရေစီ
မြန်မာနိုင်ငံသားများ(ဗုဒ္ဒဘာသာ၊
အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူ)သည် မေတ္တာတရားကြီးမားသည်ဆိုခြင်းကို
ပြသကြပါ၊ လူသားခြင်းစာနာပါ၊ လူ့အခွင့်အရေးများကို တန်ဖိုးထားပါ၊
လူသားဖြစ်တည်မှု့များကို လက်ခံပေးကြပါ၊ မလေးရှားနိုင်ငံကို အတုယူသင့်သည်။
အဘယ်ကြောင့်ဆိုသော် မလေးရှားသည် အစ္စလာမ်နိုင်ငံဖြစ်သော်လည်း မလေး၊ တရုတ်၊
ဟိန္ဒူ၊တို့ လွပ်လပ်စွာ ကိုးကွယ်ကြသည်။ ဒါဆိုလျှင် မလေး အစ္စလာမ်များလောက်
မြန်မာ ဗုဒ္ဒဘာသာဝင်များ
သဘောထားမကြီးနိုင်ကြဘူးလား၊ မေတ္တာတရားမရှိကြဘူးလား၊ လူသားချင်း
မစာနာတတ်ကြဘူးလား၊ စဉ်စားကြစေလိုပါသည်၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို
များစွာ ထိခိုက်စေပါသည် (မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ၊
ဘာသာပေါင်းစုံ) ကို ဂုဏ်သိက္ခာကျဆင်းစေပါသည်။
ထိုင်းနိုင်ငံတောင်းပိုင်းတွင်း ခွဲထွက်သူပုန်များအရေးသည် ထိုင်းနိုင်ငံအခြားပြည်နယ်နှင့် တိုင်းများ(ဒေသများ)
သို့ ပြန်နှံ့ခြင်းမရှိပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအနေနဲ့
အိမ်နီးချင်းနိုင်ငံများကို အနီးဆုံလေ့လာစေလိုပါသည်။
အိမ်နီးချင်းနိုင်ငံများရဲ့ နိုင်ငံသားများသည် ကျွန်ုပ်တို့ရဲ့
ပြုမူဆောင်ရွက်မှုများနဲ့ နေပုံထိုင်ပုံများကို အမြဲလေ့လာနေ၊
ကြားသိနေရပါသည်။ အဘယ်ကြောင်ဆိုသော် ကျွန်ုပ်တို့ ၏
အိမ်နီးချင်းနိုင်ငံများသည် ကျွန်ုပ်တို့ထက် များစွာ မီဒီယာအားကောင်းပြီး၊
လူထုဆက်သွယ်သွယ်ရေးစနစ်များ လွန်စွာမှကောင်းမွန်လှပါသည်။
လူမှု့အခြေပြုအဖွဲ့အစည်းများလည်း အင်အားကောင်းလှပါသည်။ စီပွါးရေးယန္တရားများလည်း ကျွန်ုပ်တို့ထက်များစွာတိုးတက်ပါသည်။
အမှန်တော့ အာဆီယံနိုင်ငံများသည် လူ့အခွင့်အရေးတွက် များစွာရုန်းကန်နေရဆဲ
အဆင့်တွင်သာရိုသေးပါသည်။ ကျွန်ုပ်တို့ နိုင်ငံတွင်တော့ လူမျိုးရေး၊ဘာသာရေး
အခွင့်အရေးများ ရုန်ကန်နေရဆဲ အဆင့်ကနေ မတတ်နိုင်သေးပါ၊ သို့ ဆိုလျှင်
အခြားသောအဆင့်များကို ဘယ်အချိန်တွင် စတင်ဆောင်ရွက်ကြပါမည်နည်း။
အထူးစဉ်းစားကြစေလိုပါသည်။
Written by - အောင်ဇော်(whitecloud)
Written by - အောင်ဇော်(whitecloud)
Tuesday, June 5, 2012
အနာဂတ်....
ပါတီတရပ်ထူထောင်ပြီး မြန်မာပြည်ဖွားမူစလင်များအတွက် စီးပွားရေး၊ပညာရေး၊ကျန်းမာရေး၊လူမှုရေး၊ဘာသာရေးလွတ်လပ်ခွင့်၊နိုင်ငံသားအခွင့်အရေး၊လူအခွင့်အရေး စတာတွေကိုခေတ်စနစ်နှင့်အညီ တရားဥပဒေဘောင်အတွင်း(လွတ်တော်နိုင်ငံရေးအပါအဝင်) ကျွန်တော်တို့အစ္စလာမ်လူဘောင်အသိုင်းအဝိုင်းကြီး(မြန်မာနိုင်ငံ)ကိုကိုယ်စားပြုပြီး ဦးဆောင်ဦးရွက်ပြုသင့်တယ်။ ထိုပါတီတွင်လည်း မြန်မာပြည်ဖွားအစ္စလာမ်များထဲမှ အသိပညာရှင်၊ အတတ်ပညာရှင်၊ စီးပွါးရေးလုပ်ငန်းရှင် များဖြင့် စုစည်း ညီညွတ်မှုဖြင့် ဖွဲစည်းသင့်တယ်။ အခုအဖြစ်အပျက်ကလည်း ကျွန်တော်တို့တတွေရဲ့ အိပ်ပျော်နေတဲ့ မြန်မာမူစလင်လူအဖွဲ့အစည်းကို လှုပ်နိုးလိုက်တယ်လို့လည်း ကျွန်တော်အနေနဲ့ယုံကြည်မိတယ်(အလ္လာဟ်အသျှင်မြတ်ဘက်တော်က)။ ဒါကြောင့် ကျွန်တော်တို့ မြန်မာမူစလင်လူဘောင်ကြီးဟာ နိုးထရန်အချိန်အခါကောင်းတခုပါဘဲ။ ကျွန်တော်တို့အနေနဲ့ ဘက်ပေါင်းစုံကနေ တိုးတက်ဖို့ကြီးစားကြရန် (မဖြစ်မနေ) အချိန်ကျရောက်နေပါပြီး။ ကျွန်တော်တို့ အ၇င်တချိန်တုန်းကလို မနေကြတော့သင့်ပါဘူး။ ဘယ်လိုအရင်တချိန်တုန်းကလိုလည်း ဆိုလို့ရှိရင် အရင်အစိုးရအဆက်ဆက်ဟာ ကျွန်တော်တို့တတွေကို လူရာအဝင်ဆံနိုင်အောင် ကျွန်တော်တို့တတွေကိုအရာရာမှာ ဖိနှိပ်ချုပ်ချယ်ထားခဲ့တယ်။ ပညာရေးပိုင်းမှာဆိုရင် ပိုသိသာထင်ရှားခဲ့တယ်။ ကျွန်တော်တို့ကလည်း အဲဒီတုန်းက ပိတ်လှောင်မှုကို ဖောက်ထွက်ဖို့မကြိုးစားခဲ့ဘဲ နောက်ဆုတ်ပေးခဲ့တယ်၊ အခုတော့ ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့တွေရဲ့ ရပိုင်ခွင့်တွေ၊ အကျိုးစီးပွားတွေ၊ ကျွန်တော်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့ကို " အလ္လာဟ်အသျှင်မြတ် " ရဲ့ပေးတဲ့လူ့သားတာဝန်တွေကို မဖြစ်မနေထမ်းဆောင်ကြရတော့မယ်။ နောက်တချက်ကတော့ လူမှု့အခြေပြု အဖွဲ့အစည်းတွေ အားကောင်းလာဖို့ ကျွန်တော်တို့လူဘောင်ထဲမှာ အရေးတကြီးလိုအပ်နေတာကိုလည်း မီးမောင်းထိုးပြနေသလိုပါဘဲ ။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုအနိုင်ကျင့်ခံရတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ အားကောင်းတဲ့ လူထုအခြေပြု အဖွဲ့အစည်းရယ်လို့ မယ်မယ်ရရ မမြင်ရလို့ပါဘဲ။ ထိထိေ၇ာက်ရောက်နဲ့ နိုင်ငံတကာထိကိုပေါက်မြောက်တဲ့ အဖွဲ့အစည်းမျိုးကိုပြောတာပါ။ အင်ရှာအလ္လာဟ် ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေ နေရာဒေသအသီးသီးမှာရောက်နေသည်ဖြစ်စေ အတူတူလက်တွဲပြီး ဆောင်ရွက်ကြမည်လို့ အလ္လာဟ်အသျှင်ရဲ့ ကူညီစောင်မမှု့ကို မျော်ကိုးပြီး ရဲရဲကြီးမျှော်လင့်မိပါသည်။ ဂျွန် ၄ရက်နေ့က MMSY မှ Memberဝင်တဦးရဲ့ပြောပြချက်အရ ယင်းနေ့က ရန်ကုန်မြို့တွင် အရေးပေါ်အစည်းအဝေးတရပ်ကျင်းပခဲ့သည်များမှ ဆင့်ပွါးတွေးတောမိတာလေးတွေပါ..
Monday, April 16, 2012
လက်ခုပ်တီးနေတာထက် ၊ လက်ချင်းချိတ်ထားသင့်တယ်
မင်္ဂလာရှိသောနေ့ လေး တနေ့ပါဘဲ...
အခုမှ စပြီး ဒီမိုကရေစီအရေးကို အမေစု အနေနဲ့ စားပွဲပေါ်ကနေပြီး စပြီးကြိုးပမ်းရတော့မှာပါ...အရင
်ကတော့
ပင်ပင်ပန်းပန်းနဲ့ ကြိုးစားခဲ့ရ...တချို့ရဲ့ အသက်တွေ...လူတချို့ရဲ့
ဘ၀တွေ....လူတချို့ရဲ့ မိသားစုတွေနဲ့ ရင်းထားခဲ့ရတာတွေကို
ပြန်အောက်မေ့သတိရပါရဲ့ဗျာ...ဒီေ န့လို အောင်မြင်မူမျိုးနဲ့ ပျော်ရွင်မူမျိုးကို လွန်ခဲ့တဲ့ စစ်အာဏာရှင်လက်အောက်မှာ လူသိရှင်ကြားရော၊ လူ...မသိ
သူမသိနှင့်ရော...လောကကြီးထဲက ထွက်သွားလိုက်ရတဲ့ ပုဂ္ဂိုလ်တွေကိုလည်း
ဒီနေ့ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွင်မူမျိုး ရည်ရွယ်ဂုဏ်ပြုလိုက်ပါတယ်...... ကျွန်တော်တို့
အားလုံးအနေနဲ့လည်း အခုလို မင်္ဂလာရှိတဲ့ အချိန်ခါသမယမှာ
ထိုပုဂ္ဂိုလ်တွေကိုလည်း မမေ့အပ်ပါဘူး...ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့
အခုလို ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ခြေများတယ်ဆိုတာကလည်း
အားလုံးအသိပါ...ဒါပေမယ့် တကယ့်တကယ် လွတ်တော်ထဲရောက်မှ ဒေါ်စု အနေနဲ့
ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရမလဲ...ရောက်နှင့် နေတဲ့ ကြံဖွံ့ ပါတီကရော တိုင်းပြည်ကောင်းစားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လောက်ထိပူပေါင်းလုပ်ကိုင်မလဲ ဆိုတာတွေကိုလည်း စောင့်ကြည့်ရအုံးမှာပါ......အမှ န်တကယ် လွှတ်တော်ထဲမှာ လုပ်ရကိုင်ရ ထင်သလောက်မလွယ်လာမှာကိုလည်း အမေစုအနေနဲ့ ကလည်းသိပြီးသားပါ....ဘာဖြစ်လို့ လဲဆိုတော့ ကြံဖွံ့နဲ့ စစ်တပ်က အများစု ချုပ်ကိုင်ထားကြလို့ပါဘဲ....ဒါေ ကြာင့် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ NLD ကို တဖြည်းဖြည်းချင်း လုပ်သွားနိုင်တယ်ဆိုတာကိုဘဲ နားလည်ထားရမှာပါ...
အခုမှ စပြီး ဒီမိုကရေစီအရေးကို အမေစု အနေနဲ့ စားပွဲပေါ်ကနေပြီး စပြီးကြိုးပမ်းရတော့မှာပါ...အရင
ရေးသားသူ - အောင်ဇော်
Sunday, February 12, 2012
ငါတို့ရဲ့ အနာဂတ်နှင့် ငါတို့ရဲ့လက်များ
NOTHING IMPOSSIBLE....မဖြစ်နိုင်ဘူးဆိုတာ မ၇ှိပါဘူးဗျာ...ရှေ့လျှောက် လည်း
ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ အားလုံးရဲ့ ရသင့်ရထိုက်တဲ့မှန်သမျှ
အခွင့်အရေးတွေကို ဆက်လက်တောင်းဆို လှုပ်ရှားသွားရအုံးမှာပါဘဲ.. .တကယ်တော့ ကျွန်တော်တို့က အခုမှစတင်အသက် ဝင် လာကြရုံဘဲ ရှိကြသေးတာပါ....အနည်းဆုံးေ တာ့
အိမ်နီးချင်း နိုင်ငံတွေက ပြည်သူတွေလို ကိုရဲ့ ရသင့်ရထိုက်တဲ့
အခွင့်အရေးမှန်သမျှ တောင်းဆိုတတ်ရမယ် (စည်းကမ်းတကျ)
..တောင်းဆိုပိုင်ခွင့်ရှိတာ ကိုလည်း လူထုအားလုံး နားလည်အောင်ရှင်းပြရမယ်..." လူတဦးဟာ မွေးရာပါ လူသားဖြစ်တည်ခွင့်၊ လူသားတဦးရဲ့ အခြေခံရသင့်ရထိုက်တဲ့ အခွင့်အရေးတို့အပြင် ခေတ်နဲ့အညီလိုအပ်တဲံ့ နိစ္စှဓူဝ လိုအပ်ချက်အခွင့်အရေး မှန်သမျှကိုလည်း တောင်းဆိုတတ်ရမယ်.....ဒါမှကျွန်တော်တို့နှင့်တကွ ကျွန်တော်တို့အားလုံးရဲ့ မျိုးဆက်သစ်တွေဟာ ကိုယ့်ကြမ္မာနှင့် ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်လာ လိမ့်မယ် ...တချိန်တုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေတွေ လမ်းညွန်ခဲ့သလိုပါဘဲ ....ကျွန်တော်တို့က " သခင်မျိုး " တွေပါ...တိုင်းတပါးရဲ့ ကျွန်ဘဝ ကိုမကြိုက်သလို၊ ကိုယ့်လူမျိုးအချင်းချင်းရဲ့ လက်ဝါးကြီးအုပ် မျက်လုံးပိတ် ပုံစံခွက်ထဲ ထည့်ထားတဲ့ အဖြစ်မျိုးတွေကိုလည်း မလိုချင်ကြတော့ပါဘူး.. ကျွန်တော်တို့ အားလုံးရဲ့ လွတ်လပ်စွာ ပျံသန်းနိုင်မူတွေဟာ ကျွန်တော်တို့အားလုံးရဲ့ လက်တွေထဲမှာဘဲရှိရမယ်...
ရေးသားသူ - အောင်ဇော်(AUNGZAW)
ရေးသားသူ - အောင်ဇော်(AUNGZAW)
Saturday, December 31, 2011
သူမဆီသို့
In my heart, In my blood, In my dream ....
you still the only one...!
It's my destiny , my philosophy......
Subscribe to:
Posts (Atom)
