Pages

Saturday, July 26, 2008

ချစ်သောမြန်မာပြည်ကျောင်းရဲ့ဒုတိယအကြိမ်ဝါဆိုသင်္ဃန်းကပ်လှုပွဲ






DEAR BURMA Program School ရဲ့ဒုတိယအကြိမ်မြောက်(၂၀၀၈) ၀ါဆိုသင်္ဃန်းကပ်လှုပူဇော်ပွဲအခမ်းအနား ကို ဗန်ကောက်မြို့၊ Rechathewi ရှိအဆိုပါကျောင်းဝင်းအတွင်း ၂၀.၇.၀၈ - တနင်္ဂနွေနေ့ကကျင်းပခဲ့ပါတယ်။ ဦးစွာ ၀တ်ရွတ်မောင်မယ်များရဲ့ ဓမတေးများနှင့်အခမ်းအနားကိုစတင်ပြီး မြန်မာဘုန်းတော်ကြီး ၅-ပါး ၊ ယိုးဒယားဘုန်းတော်ကြီး ၅-ပါးတို့ကိုနေ့ဆွမ်းဆက်ကပ်လှုဒါန်းကြပါတယ်။ ယင်းနောက်ယိုးဒယားဘုန်းတော်ကြီး မှတရားတော်များကိုဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါတယ်။ အခမ်းအနားကိုတက်ရောက် လာကြတဲ့ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ဧည့်သည်တော်များကို မြန်မာမုန့်ဟင်းခါး၊ မုန့်ပဲ သရေစာများနှင့်ဧည့်ခံကျွေးမွေးပါတယ်။ဆက်လက်ပြီးနေ့လည်ပိုင်းမှာတော့သံဃာဦးသျှောင်အဖွဲ့၊စည်းရုံးရေးမူး (ထိုင်းနိုင်ငံ) ၊ ဆရာတော်ဦးဇောတိ(ဗုဒ္ဒဘာသာ၊ချုလာလောင်ကွန်းတက္ကသိုလ်မှတရားတော်များကိုဟောကြား ခဲ့ပါတယ်။ပြီးနောက်အခမ်းအနားကိုတက်ရောက်လာကြတဲ့ကျောင်းအုပ်ဆရာကြီး၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊၀တ်ရွတ်မောင်မယ်များနှင့်ဧည့်သည်တော်များစုပေါင်းပြီး အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက် ကြပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ပါတယ်။ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီးနှင့်ဆရာများ၊ကိုယ်တိုင်ကိုယ်ကျအဘက်ဘက်မှဦးဆောင်ပါဝင်ခဲ့ကြသောDEAR BURMA Program School ရဲ့ အလင်းရောင်-စာကြည့်တိုက်ဝိုင်းတော်သူ၊၀ိုင်းတော်သားများနှင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်းမှတ်တမ်းတင်အပ်ပါသည်။ ။


No comments:

Post a Comment

တစုံတရာထားခဲ့တဲ့အတွက် ကျေးဇူးပါ ..မိတ်ဆွေ