Pages

Saturday, December 31, 2011

" အဖြူရောင် စာရေးဆရာမလေးသို့....."
အဖြူရောင် ဒီဇင်ဘာမြုနှင်းတွေ
ကျဆင်းလို့ ချစ်သူ
မင်းရှိတဲ့ အရပ်မှာပေါ့....
အဖြူရောင်ဆောင်းနှင်းတွေဆိုတာ
ငါရှိတဲ့ အရပ်မှာတော့
ငါနှင့်မဆိုင်သလို
သို့တစေလည်း.......
ငါတို့နှစ်ယောက်ရဲ့ အိမ်မက်တွေထဲမှာ
ဒီဇင်ဘာ မြူနှင်းတွေဟာ
ငါတို့နှလုံးသွေးတွေ လည်ပတ်စီးဆင်းနေသရွေ့
အဖြူရောင် သံယောဇဉ်တွေ အဖြစ်နဲ့
ဝေနေမှာပါ.......
ငါတို့နှစ်ယောက်ရဲ့ ရှင်သန်မူတွေ
မိုင်ထောင်ချီ ဝေးနေပေမရ့်
ငါတို့နှစ်ယောက်ရဲ့ ရပ်တည်မူတွေ
အရှေ့ နဲ့ အနောက် ဆန့်ကျင်နေပေမရ့်
ငါတို့ရဲ့ ရင်ဘတ်တွေ
ထပ်တူကျနေမှာပါ ချစ်သူ......
အချိန်တိုင်းလည်း သတိမရနေစေချင်ဘူး
အမြဲတမ်းလည်း မလွမ်းနေစေချင်ဘူး
မင်း နာကျင်ပင်ပန်း နေရမှာစိုးလို့ပါ ချစ်သူ........
( Written by AUNGZAW )

No comments:

Post a Comment

တစုံတရာထားခဲ့တဲ့အတွက် ကျေးဇူးပါ ..မိတ်ဆွေ