Pages

Monday, June 4, 2012

ခါးသက်တဲ့ကဗျာ

အပြုံးအောက်မှာ ၀ှက်ထားတဲ့ ခင်ဗျားတို့ရဲ့ ရင်တွင်းကဓါးသွားတွေမြင်တိုင်း အသက်ရှုရတာ………ခါးတယ်။ ။ ယဉ်ကျေးမှုသိုးရေခြုံ လျှာဖျားက ဂရုဏာတရားတွေ ပလုံစီအောင်ထွက်ပေမယ့် မျက်နာမွဲ ရှုံးကျွဲတွေအတွက်တော့ ၀ံပုလွေဆိုတာ မကြည့်ဘဲလဲ……မြင်တယ်။ ။ အတူယှဉ်တွဲနေထိုင်ခွင့်တဲ့လား ခြစားနေတဲ့ ရပိုင်ခွင့်တွေကြားထဲမှာ နဖူးတစ်နေရာစာ ဦးချစရာ မြေမရှိတဲ့ ဘ၀တွေက………ရင်နာတယ်။ ။ ခုတော့ မုန်တိုင်းတွေ..တိုက်ပါ။ လျှပ်စီးတွေ…လက်ပါ။ မိုးသီးတွေ ….ကြွေပါ။ အပြစ်မဲ့တွေရဲ့ မခမ်းခြောက်တဲ့မျက်ရည်နဲ့ ကြံ့ကြံ့ခိုင်တဲ့ ငါတို့ယုံကြည်ခြင်းတွေအတွက် အစားပေးခြင်းခံရတဲ့တစ်နေ့မှာ……………………။ …………………………………………..တနေ့မှာ ။
ရေးသူ~ စောအဲဗညား / Source:  http://www.mmsy.org

Ten Myanmar Muslims were killed by Rakhine people in Northern Myanmar Yesterday

Ethnic Arakan, also known as Rakhine, killed ten Myanmar Muslims in barbaric and in-human manner yesterday in a sectarian attack. While a group of Myanmar Muslims were traveling back to Yangon from Arakan State on a bus, at Taung-kout, a small town of 300 residents, local ethnic Arakan had stopped the bus forcibly and looked bloodthirstily for Muslims. The eight travelers were dragged from the bus and beaten up till the end of their lives. The angry mob also assumed that the motorist is a Muslim and did not spare him.
“At immigration check point, the vehicle has been stopped. The mob of 300 with motorbikes holding rods and knives blocked up and yelling that “Get off and face your end of life, if there any Kalas (derogatory term used by Buddhists against Myanmar Muslim)”.  A man responsible from the bus got off and had tried to persuade while the bus door was closed. He was pushed harshly by the mob and they got in the bus. When they found some Muslims, shouted that “Here is the Kalas, here they are” and started beating with rod. And then they dragged the victims and killed them in a very short period.”, the express owner explained while contacted by the phone.
               
This attack has a relatively long background history which is solely related to Ethnic Rakhine who has been launching very strange racist campaigns against ethnic Rohingyas who were allegedly and apparently called ‘illegal’ immigrants or Bangali.
Intense campaign against Myanmar Muslims, derogatorily known as “Kalas”, started in November last year on social media such as Facebook. Thousands of Buddhists (both Rakhine and non-Rakhine) have been spreading hate messages in very blasphemous language. Although their target is seemingly the Rohingyas, they end up direct attacking Myanmar Muslims and Islamic norms.
Participants in this campaign are not only those from Burma locals but also so-called pro-democracy and human rights activists residing under the cover of asylum in US, Canada, Europe, Australia and Thai.
As there is government ignorance for this vulnerable condition, Ethnic Rakhine politicians are openly and violently against ethnic Rohingya. Therefore, the so-called blind Buddhist patriots have faith in whatever they spread and are forwarding the hate information.
Almost every day in the past several months, tons of millions of hate messages were being spread on Facebook and forwarding mails. Redistribution become the duty towards every Buddhists too.
Minority Myanmar Muslims have also been trying to halt the hate campaign by approaching mainstream Burmese media. But they completely and intentionally ignore the cry for help. For instance, there is a vivid scene that the leading media was totally silent on the demolishing of two mosques and the act-of-like terrorists attack to Muslim homes in Northern and Central Burma in April this year.
The campaign grows and hate messages continue to spread. The racists start speaking of eradicating all Muslims from Burma. Some even blame dictator Than Shwe for not killing all Muslims in the country like what the Nazi did.
An important event leading to this sectarian attack was a rape-murder of a 26 year old woman by three local criminals allegedly the Muslims on May 29 – four days before this attack.
Knowing that anti-Muslim sentiment is growing (not just Anti-Rohingya), ethnic Arakan news agency called Narinjara blew the whistle by racial profiling. It associated the criminals with Islamic religion, stirring local people’s anger. The Irrawaddy, one of the most well known opposition media, reported in a similarly way.
As the attack broke out, some campaigners posted on Facebook, rewarding an offer of $300 US to those who can go for sex assault against Muslim women, and $500 US to those who can kill.
Commenting on the sectarian attack on Radio Australia, two local men said the attack was intended to look for May 29 rapists. This proved to be inaccurate as all three accused have reportedly been arrested according to their own credible media.
Ethnic Arakan have threatened Muslims in other part of the country of similar attacks.
Meanwhile, majority of the Burmese citizens fear that the Burmese government facing political deadlock due to various protests (labor, farmer, electricity) are diverting political attention by creating religious riots.
Related news on world media -

Monday, May 28, 2012

အောင်ဇော်@AUNG ZAW



အောင်ဇော်@AUNG Zaw Slideshow: အောင်ဇော်@AUNG’s trip to Yangon (Rangoon), Myanmar was created by TripAdvisor. See another Yangon (Rangoon) slideshow. Take your travel photos and make a slideshow for free.

မြန်မာမှု့ပြုထားတဲ့ ဒီမိုကရေစီ အစမ်းသပ်ခံနိုင်လေမလား....ကျေးဇူးပြုပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို အကြမ်းမဖက်ဘဲ ဖြေရှင်းပေးပါ ....( သို့.../ နိုင်ငံတော်သမ္မတနှင့်တကွတာဝန်ရှိသူများ )
အားပေးထောက်ခံသူတိုင်း ဒီပုံလေးကို ကိုယ့်အကောင့်မှာ တင်လို့ရပါတယ်။ Share ရင်လဲရပါတယ်။း)

Monday, April 16, 2012

မလေးရှားနိုင်ငံသား အလုပ်ရှင်တို့၏ အိမ်ဖော်၊ အိမ်အကူအလုပ်သမများအပေါ် မတရားပြုခြင်း နှင့် နှိပ်စက်ညှဉ်းပန်းမှုများ

(မလေးရှားနိုင်ငံအခြေစိုက် Women Aid's Organisation (WAO) မှ
စုဆောင်းပြုစုထားသော အိမ်ဖော်တို့၏ ညှင်းပန်းနှိပ်စက်ခံဘ၀များနှင့်
အလုပ်ရှင်မလေးရှားလူမျိုးတို့၏ သဘောထားများကို Friend Ever မှ မှီငြမ်း
ဘာသာပြန်ထားခြင်းဖြစ်...ပါသည်။ မိမိတို့ မြန်မာလူမျိုးတို့၏ဘ၀များ
ထပ်မံမနိမ့်ကျနိုင်စေရန်အတွက် မိမိတို့တတ်နိုင်သမျှ
ဝိုင်းဝန်းဆောင်ရွက်ကြပါရန်လည်း အလေးအနက် တိုက်တွန်းအပ်ပါသည်။)

မလေးရှားသည် ပြည်ပအလုပ်သမားများအပေါ် လူသားမဆန်စွာ မတရားပြုမှုများသည်နေ့စဉ်နှင့်အမျှ ပိုမိုဆိုးဝါးလျက်ရှိပါသည်။ အဆိုးဝါးဆုံးမှာအိမ်ဖော်အလုပ်သမများအပေါ် ယင်းတို့၏ ရက်စက်စွာ ဆက်ဆံမှုများသည်အလွန်ဆိုးဝါးလျက်ရှိသည်ဟု၊ WAO (Women’s Aid Organization) မှလေ့လာတွေ့ရှိရသည်။ မလေးရှားသည် ပြည်ပမှလာရောက်သောအိမ်ဖော်အလုပ်သမများအပေါ်မတရားညှဉ်းပန်းနှိပ်စက်မှုသည် အခြားနိုင်ငံများထက် ပိုမိုဆိုးဝါးလျက်ရှိပါသည်။
အိမ်ဖော်အလုပ်သမတို့၏ အလုပ်လုပ်ကိုင်ရသော လုပ်ငန်းခွင်သည် အလုပ်ရှင်နှင့်အိမ်တစ်အိမ်တည်းတွင် နေထိုင်ရခြင်း၊ ယင်းတို့အတွက် ကာကွယ်ပေးထားသောထိရောက်သောဥပဒေကို မလေးရှားအစိုးရမှမထုတ်ပြန်ထားခြင်း၊ ဥပဒေမှာ အလုပ်သမကို
ကာကွယ်ခြင်းထက် မလေးရှားနိုင်ငံသားအလုပ်ရှင်များကို ကာကွယ်ပေးထားခြင်း၊အိမ်ဖော်အလုပ်သမများသည် အခြားအလုပ်သမများ နှင့်မတူပဲ အလုပ်လုပ်ရသောနေရာတွင်လုပ်ဖော်ကိုင်ဖက်မရှိခြင်း စသည်တို့ကြောင့် ပိုမို၍ ညှဉ်းပန်းနှိပ်စက်မှုကိုခံစားရပါသည်။

ထို့အပြင် မလေးရှားအစိုးရပိုင်းဆိုင်ရာ ပြည်တွင်းအစိုးရဆိုင်ရာ
အလုပ်သမားဌာနတို့၏ ပေါ်လစီများက အိမ်ဖော်အလုပ်သမများအရေးနှင့် အလုပ်ရှင်တို့၏ညှဉ်းပန်းနှိပ်စက်မှုတို့ကိုကာကွယ်ပေးနေသကဲ့သို့ရှိပါသည်။ WAOမှလေ့လာတွေ့ရှိချက်အရ အလုပ်ရှင်များ၏အိမ်ဖော်အလုပ်သမတို့အပေါ်မတရားပြုမှုများကို များစွာတွေ့ရှိရသည်။

မလေးရှားရှိ ၂-သန်းကျော်ပမာဏရှိသော ရွှေ့ပြောင်းအလုပ်သမားများအနက် ၁၆၀,၀၀၀
ကျော်မှာ အိမ်ဖော်နှင့် အိမ်အကူလုပ်ငန်းကို လုပ်ကိုင်နေကြသည်။ WAO သည်မလေးရှားနိုင်ငံရှိ ပြည်ပမှလာရောက်လုပ်ကိုင်ရသော အိမ်ဖော်နှင့်
အိမ်အကူအလုပ်သမတို့အပေါ် အလုပ်ရှင်များမှ ဆက်ဆံမှုကို အသေးစိတ်လေ့လာခဲ့ရာအလုပ်ရှင်တို့၏ မတရားညှဉ်းပန်းနှိပ်စက်မှုများကို ပုံစံမျိုးစုံလေ့လာတွေ့ရှိရပါသည်။ မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏ အိမ်ဖော်နှင့်အိမ်အကူအလုပ်သမများအပေါ် လူမဆန်သော နှိပ်စက်မှုများမှာ
စိတ်ပိုင်းဆိုင်ရာနှိပ်စက်မှု၊ ရုပ်ပိုင်းဆိုင်ရာနှိပ်စက်မှု၊ ပါးရိုက်ခြင်း၊
နားရင်းအုပ်ခြင်း၊ ရိုက်နက်ခြင်း၊ ဆွဲလိမ်ခြင်း စသည်လူမဆန်သော
နှိပ်စက်မှုများကို ခံစားကြရပါသည်။ သူတို့သည် တစ်နေ့တစ်နေ့ အလွန်အချိန်ကြာကြာအလုပ်လုပ်ကြရသည်။ နေ့စဉ် မနက် ၅ နာရီ အိပ်ရာမှထကြရပီး၊ ညဉ့်နက်သန်းခေါင်အထိအလုပ်လုပ်ကြရပါသည်။ မလေးရှားတွင်လုပ်ကိုင်ကြရသော အိမ်ဖော်နှင့် အိမ်အကူတို့၏
ဘ၀မှာ အလွန်သနားစရာ ကောင်းလှပါသည်။ အစားအစာကောင်းမွန်စွာ မစားရ၍အဟာရချို့တဲ့ခြင်း၊အိမ်ရှင်များအတွက်ကောင်းမွန်စွာချက်ပြုတ်ပေးရသော်လည်း၊သူ့တို့အတွက်မှာ ဆိုးဝါးသော ဈေးပေါသော၊ သူတို့စား၍ မကုန်သော၊ မကောင်းသောအစာများကို ကျွေးမွေးခြင်း စသည်ထိ လူမဆန်စွာ ပြုခံကြရသည်။ အစာကို ၀လင်စွာ
မစားရ။ ထို့အပြင် အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမတို့သည် ပတ်ဝန်းကျင်နှင့်ထိတွေ့ဆက်ဆံခွင့်မရခြင်း၊သူငယ်ချင်းအပေါင်းအသင်းများနှင့်တွေ့ချိနစကားပြောချိန်မရခြင်း၊ အလွန်ဆိုးဝါးသော ခြိမ်းခြောက်မှုများအဖြစ် ဥပမာ..ညအချိန် တောထဲသို့ကားဖြင့် ပို့ဆောင်၍ တစ်ယောက်တည်း ထားပစ်ခဲ့ခြင်း
(တစ်ညလုံးပစ်ထားခြင်း)၊ ကြမ်းတမ်းစွာဆိုးဝါးစွာ ခြိမ်းခြောက်ခြင်း၊
စသည်တို့ဖြင့် များစွာသော လူမဆန်မှုများကို ခံစားရပါသည်။ အနည်းဆုံး ၂ နှစ် အိမ်တစ်အိမ်တည်းနေကာ မနက်မိုးမလင်းခင်မှစ၍ ညဉ့်နက်သန်းခေါင်ထိအလုပ်လုပ်ကိုင်ရသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမ များအပေါ်မလေးရှားအလုပ်ရှင်များမှ ထပ်ဆင့်၍ လူသားမဆန်ရိုင်းစိုင်းစွာညှဉ်းပန်းနှိပ်စက်ကြသည်။

အိမ်ဖော်နှင့် အိမ်အကူ အလုပ်သမတို့အပေါ် နှိပ်စက်သည့် အမှုများစွာရှိသော်လည်း
မလေးရှားအစိုးရနှင့် သူ့နိုင်ငံသားတို့ကို မည်သည့်မတရားမှု လုပ်သည်ဖြစ်စေ၊အကာအကွယ်ပေးသော ပြည်တွင်းသတင်းစာများမှလည်း ဇူလိုင်လ ၁၉၉၇ မှ သြဂုတ်လ ၁၉၉၈ ထိ၊
အိမ်ဖော်တို့အပေါ် အလုပ်ရှင်မှ ကျူးလွန်သော အမှု ၁၉-မှုသာရှိကြောင်း
ဖော်ပြခဲ့သည်။ ထို့သို့ဆိုလျှင်လည်း အနည်းဆုံး ၃-လတွင် တစ်မှုနှုန်းဖြစ်ပါသည်။ထိုအမှုများတွင် ပြင်းစွာဒဏ်ရာရအောင် ရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားမှု၊ မုဒိန်းမှု၊ မုဒိန်းကျင့်ရန် ကြိုးပမ်းအနိုင်ကျင့်မှု၊အခန်းကျဉ်းအတွင်း ရက်များစွာ လှောင်ပိတ်ထားမှု (နှစ်မှု)၊ လုပ်ခလစာ မပေးခြင်း(၇-မှု) စသည့်အလုပ်ရှင်တို့၏ အလွန်ဆိုးဝါးစွာ လူမဆန်စွာနှိပ်စက်မှုမျိုးစုံပါဝင်သည်။ ယင်းမှာ အစိုးရသတင်းစာမှ ထုတ်ပြန်ခြင်းဖြစ်ပီး၊
လူအခွင့်အရေးအဖွဲ့များ၏ လေ့လာတွေ့ရှိချက်မှာ ဤထက်အဆပေါင်းများစွာ ပိုပါသည်။တစ်ချို့သည် လစာကာလ ကြာရှည်စွာမရ၍ တောင်းခြင်းကြောင့် ရိုက်နှက်ခံရပါသည်။
အချို့အိမ်ဖော်နှင့် အိမ်အကူတို့မှာ အလုပ်ရှင်သာမက အလုပ်အေးဂျင့်များ၏
မတရားညှဉ်းပန်း လူမဆန်မှုများကိုပါ ခံကြရသည်။

အိမ်ဖော်နှင့် အိမ်အကူအလုပ်သမားတို့သည် အောက်ဖော်ပြပါအချက်များကြောင့်မလေးရှားနိုင်ငံသားအလုပ်ရှင်တို့၏ မတရားမှုများကို ခံကြရသည်။

- ဝေးကွာသောပြည်ပနိုင်ငံများမှ မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းများနှင့်ခွဲခွာ၍
လာရောက်လုပ်ကိုင်ရပီး၊ လုပ်ငန်းခွင်တွင်လည်း လုပ်ဖော်ကိုင်ဖက်မရှိ၊
အထီးကျန်ခြင်း။ သူတို့သည် အလုပ်ရှင်၏ အိမ်ထဲတွင်သာနေကြရပီး၊
ပြင်ပပတ်ဝန်းကျင်နှင့် ဆက်သွယ်ခွင့်မရကြ။ ဆက်သွယ်ချိန်မရကြ။ သူတို့ထံ
ရောက်ရှိသောစာများ ထိန်းချုပ်ခံရခြင်း၊ ဖုန်းပြောဆိုခြင်းများကို
ပိတ်ပင်တားဆီးခြင်း။ ဘာသာစကားအခက်များကြောင့် နားလည်မှုလွဲခြင်းနှင့်
လူမျိုးဘာသာမတူ၍ အတွေးအခေါ်ခံစားချက်ကွာဟခြင်း စသည်တို့က ပိုမို၍အထီးကျန်ဆန်စေခြင်း။

- တိကျသေချာသော အလုပ်သမားဥပဒေဆိုင်ရာခေါ်စာနှင့်
ကန်ထရိုက်စာချုပ်များမရှိခြင်း၊ ရှိသော်လည်းထိရောက်စွာ ကာကွယ်မှုမရခြင်း၊
အိမ်ဖော်နှင့် အိမ်အကူအလုပ်သမများကို အလုပ်ရှင်နှင့်အများက
အဆင့်နိမ့်သောသူများအဖြစ်သတ်မှတ်၍ ခွဲခြားဆက်ဆံခံရခြင်း၊
အခြားအလုပ်သမားများကဲ့သို့ သတ်သတ်မှတ်မှတ် အလုပ်အကိုင်တစ်မျိုးကိုသာလုပ်ကိုင်ရခြင်းမဟုတ်ဘဲ အလုပ်ရှင် (အိမ်ရှင်)၏
ခိုင်းစေမှုမှန်သမျှကိုလုပ်ကိုင်ပေးရခြင်း၊ ငြင်းဆန်ခွင့်မရှိခြင်း၊
မလေးရှားအလုပ်အကိုင်ဥပဒေကလည်း အလုပ်ရှင်ကို အကာအကွယ်များစွာပေးထားခြင်း။

- မလေးရှားတို့သည် ပြည်ပမှ လာရောက်လုပ်ကိုင်သူများကို ယင်းတို့ထက်
အဆင့်အတန်းနိမ့်ကျသည်ဟု သတ်မှတ်သည့်အပြင် ခွဲခြားဆက်ဆံခြင်း၊
စော်ကားမိုက်ရိုင်းမှုများပြုလုပ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း စသည်တို့ကို
ပြုကြခြင်း၊ အလုပ်သမားတို့မှာ လူတစ်ဦးကဲ့သို့ပင် ဆက်ဆံမှုမရခြင်း၊
လူသားတစ်ဦးအဖြစ် စာနာလေးစားမှုမရခြင်း။

မလေးသတင်းစာများမှ မလေးရှားနိုင်ငံသားတို့၏ အိမ်ဖော်နှင့်
အိမ်အကူတို့နှင့်ပတ်သက်သည့် ယင်းတို့၏ အခက်ခဲများကို တင်ပြရန်ဖိတ်ခေါ်ခဲ့ရာအောက်ပါအတိုင်း ပြန်ကြားခဲ့ကြသည်။ (နံပါတ်စဉ်အလိုက်တပ်ထားသည့်အချက်များသည်မလေးရှားအလုပ်ရှင်များမှ ယင်းတို့၏ အိမ်ဖော်၊ အိမ်အကူများနှင့် ပတ်သက်၍သတင်းစာသို့တင်ပြချက်များဖြစ်ပါသည်။)

*၁။ အိမ်ဖော်နှင့် အိမ်အကူတို့သည် အလုပ်စပြီး မကြာမီတွင် ထွက်ပြေးကြသည်။*

မလေးသတင်းစာများက ယင်းအချက်နှင့်ပတ်သက်၍ အလုပ်သမတို့၏ အလုပ်ရှင်အပေါ်
အခွင့်အရေးယူမှုများ၊ မယုံကြည်ရမှုများကို ယင်းတို့နိုင်ငံသား အလုပ်ရှင်များ
တင်ပြသည့်အတိုင်း လေ့လာစမ်းစစ်မှုမရှိဘဲ ပြစ်တင်ဖော်ပြခဲ့သည်။ တစ်ချို့ကအလုပ်သမတို့သည် ပျင်းရိကြောင်း၊ အလုပ်မလုပ်လိုကြောင်း ပြောခဲ့သည်။သို့အတွက်ကြောင့် ထွက်ပြေးကြကြောင်း ပြောခဲ့ပြီး၊ ယင်းတို့၏
အပြုအမူလုပ်ဆောင်ဆက်ဆံမှုများကိုမူမဖော်ပြဘဲယင်းတို့သဘောထား ကောင်းလျက်နှင့်ထွက်ပြေးကြသည်ဟု စွပ်စွဲခဲ့သည်။

*၂။ အိမ်ဖော်များသည် ယောက်ျားလေးမိတ်ဆွေများစွာ ရှိသည်သာမက အခြားနေရာများတွင်
သွားအိပ်ကြ၍ ရောဂါဖြစ်ပွားကြသည်။*

စက်တင်ဘာ ၁၂ ရက်နေ့၊ ၁၉၉၇ ထုတ် New Straits Times သတင်းစာသို့ပေးပို့သော
အိမ်ဖော်အလုပ်ရှင်တစ်ဦး၏စာတွင် ယင်း၏အိမ်ဖော်သည် ညအခါ
အခြားယောက်ျားလေးများနှင့် ပြင်ပတွင်သွားအိပ်နေ၍ ရောဂါရလာပါက ယင်း၏အိမ်သားများ
ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း ရေးပို့ခဲ့သည်။ အလုပ်ရှင်များသည်
ယင်းတို့၏အိမ်ဖော်များ အိမ်တွင်သာနေ၍ တစ်နေကုန်တစ်ညလုံး၊ အလုပ်ကို
မရပ်မနားလုပ်စေလိုပီး၊ အကယ်၍ အကြောင်းကိစ္စ တစ်ခုခု၊ အရေးကြီးကိစ္စ
တစ်ခုခုကြောင့် အလုပ်သမက ပြင်ပသို့သွားရောက်ရသည်ကိုပင်
ဤကဲ့သို့စွပ်စွဲမှုများတွေ့ရှိရသည်။ သို့သော် အိမ်ဖော် အလုပ်အကိုင်အေးဂျင့်
တစ်ဦးက ပြောဆိုသည်မှာ ယောက်ျားလေးမိတ်ဆွေထား၍ အိမ်ရှင်တို့မှ
ရိုက်နှက်သည်ဆိုသည်မှာ လိမ်လည်ခြင်းဖြစ်ကြောင်း၊ အမှန်မှာ အိမ်ရှင်တို့၏
လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ထွက်ပေါက်အနေနှင့် တစ်ချို့တစ်လေသာ
ယောက်ျားလေးမိတ်ဆွေ ထားလာရကြောင်း ပြောဆိုသည်။

*၃။ အိမ်ဖော်များသည် မိမိတို့၏ လင်ယောက်ျားကိုခိုးယူကြသည်။*

ဤအချက်မှာ အိမ်ဖော်များကို လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ်မရှိဟု အခြေအမြစ်မရှိစွာ
စွပ်စွဲပြောဆိုခြင်းဖြစ်ပါသည်။ စက်တင်ဘာ ၁၂ ရက်နေ့၊ ၁၉၉၇ ထုတ် New Straits
Times သတင်းစာတွင် ဖော်ပြခဲ့သော စာတစ်စောင်အရ အိမ်ဖော်သည် ယင်း၏လင်ယောက်ျားနှင့် ဖောက်ပြန်ကြောင်း ပြောဆိုခဲ့သည်။ မေလ ၁၇ ရက်နေ့၊ ၁၉၉၈ The Sun သတင်းစာက အိမ်ရှင်လင်ယောက်ျားသည် ယခင်သူ၏အိမ်ဖော်နှင့် လက်ထပ်သွားသည့် အမှု ၈- မှုရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် သတင်းစာတို့တွင်
ဖော်ပြသည်နှင့်ဆန့်ကျင်စွာ၊ အိမ်ရှင်ယောက်ျားသည် အိမ်ဖော်ကို
လိင်ပိုင်းဆိုင်ရာ မတရားအကြမ်းဖက်ခြင်း၊ ကြိုးပမ်းခြင်း၊ မုဒိန်းကျင့်ခြင်း၊
အချို့အမှုများတွင် ဆိုးဝါးစွာ ကျင့်ကြံခြင်းများ ပါဝင်သည်။ ထိုကဲ့သို့
သတင်းစာတွင် ဖော်ပြသည့်အမှုများမှာ မှန်ခဲ့သည် ဆိုစေကာမှု၊ အမှန်တကယ်
အိမ်ရှင်ယောက်ျားနှင့် ယင်းတို့နှင့်ပတ်သက်သော ယောက်ျားတို့၏
မတရားစော်ကားမှုကြောင့် ဒုက္ခရောက်၊ အသက်ဆုံးရှုံးရသော
အိမ်ဖော်အလုပ်သမတို့အမှုအရေအတွက်မှာ အဆပေါင်းထောင်နှင့်ချီ၍ ရှိပါသည်။ (WAO)

*၄။ သူမသည် မိမိတို့နိုင်ငံအောက် ယဉ်ကျေးမှုအဆင့်အတန်း
များစွာနိမ့်ကျသောနိုင်ငံမှ လာသည်ဖြစ်၍ သူမ၏အကျင့်စရိုက်တို့ကြောင့်
မိမိတို့အိမ်ထောင်ရေးဘ၀ ပျက်စီးနိုင်သည်။*

မလေးရှားတွင် လုပ်ကိုင်နေသော အိမ်ဖော်နှင့် အိမ်အကူအလုပ်သမတို့မှာ
အများအားဖြင့် အင်ဒိုနီးရှား (ယခုအင်ဒိုးနီးရှားအစိုးရမှ မလေးရှားသို့
အိမ်ဖော်အလုပ်သမ ပို့ခြင်းကို လုံးဝပိတ်ပင် ရပ်ဆိုင်းလိုက်ပါပြီ။) နှင့်
ဖိလစ်ပိုင်တို့မှ ဖြစ်ကြသည်။ အိမ်ရှင်တို့မှာ ယင်းတို့၏ ကလေးများ
မိမိတို့ဘာသာစကားကို အင်ဒိုအသံ၊ ဖိလစ်ပိုင်အသံနှင့် ပြောကျင့်ရသွားမည်ကိုစိုးရိမ်ကြောင်း တင်ပြခဲ့သည်။ ထို့ပြင် အိမ်ဖော်တို့၏ မူရင်းနိုင်ငံသည်
မိမိတို့ထက် ယဉ်ကျေးမှုနိမ့်သဖြင့် မိမိတို့၏ကလေးများ နိမ့်ကျသောယဉ်ကျေးမှုများ
လွှမ်းမိုးခံရမည်ကို စိုးရိမ်ကြောင်း၊ ကလေးနှင့်မိဘအကြား
ကွာဟမှုများဖြစ်လာနိုင်ကြောင်း ပြောခဲ့သည်။ ယင်းတို့၏ အစိုးရပိုင်းများကလည်း
ဤအချက်ကို ထောက်ခံ၍ အိမ်ဖော်များကို ပညာပေးမှု၊
လေ့ကျင့်ပေးမှုများပြုသင့်ကြောင်း အော်ခဲ့ကြသည်။ --------------

(သို့အတွက်ကြောင့် ယခုလက်ရှိ မလေးရှားတို့သည် အင်ဒိုနီးရှားနှင့် ကမ္ဖောဒီးယား
နိုင်ငံတို့မှ အိမ်ဖော်နှင့်အိမ်အကူအလုပ်သမားများ ပို့ဆောင်ခြင်းကို
ရပ်တန့်ခံလိုက်ရသည့်အတွက် မလေးရှားဝန်ကြီးချုပ်နာဂျစ်သည် မြန်မာနိုင်ငံမှ
အိမ်ဖော်အလုပ်သမများရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံလက်ရှိကြံ့ဖွံ့အစိုးရနှင့်
ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသူ၊
နိုင်ငံသားအပေါင်း အားလုံးတို့သည် တာဝန်သိသိဖြင့် ဤလုပ်ဆောင်မှုကို အပြင်းအထန်
ဆန့်ကျင် ကန့်ကွက်ကြစေလိုကြောင်း လေးစားစွာတိုက်တွန်းရင်း…. ဧပြီလ ၁၄ ရက်နေ့၊
၂၀၁၂ ခုနှစ်ထုတ် The Star သတင်းစာမှ “မလေးအိမ်ရှင်တို့၏ ရက်စက်စွာ
သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့သော ကမ္ဖောဒီးယားနိုင်ငံသူ၊ အသက် ၂၄ နှစ်အရွယ်၊
Mey Sichan ၏ အမှုအသေးစိတ်ကို ထပ်မံစုံစမ်း၍ တင်ပြပေးသွားပါမည်။-----ဘာသာပြန်သူ)

နွားကျောင်းသား (Friend Ever) 
မောင်ပါလ
.http://mgpala.blogspot.com/2012/04/women-aids-organisation-wao-friend.
မှပြန်လည်ဝေမျှပါသည်.....

လက်ခုပ်တီးနေတာထက် ၊ လက်ချင်းချိတ်ထားသင့်တယ်

မင်္ဂလာရှိသောနေ့ လေး တနေ့ပါဘဲ...
အခုမှ စပြီး ဒီမိုကရေစီအရေးကို အမေစု အနေနဲ့ စားပွဲပေါ်ကနေပြီး စပြီးကြိုးပမ်းရတော့မှာပါ...အရင
်ကတော့ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားခဲ့ရ...တချို့ရဲ့ အသက်တွေ...လူတချို့ရဲ့ ဘ၀တွေ....လူတချို့ရဲ့ မိသားစုတွေနဲ့ ရင်းထားခဲ့ရတာတွေကို ပြန်အောက်မေ့သတိရပါရဲ့ဗျာ...ဒီနေ့လို အောင်မြင်မူမျိုးနဲ့ ပျော်ရွင်မူမျိုးကို လွန်ခဲ့တဲ့ စစ်အာဏာရှင်လက်အောက်မှာ လူသိရှင်ကြားရော၊ လူ...မသိ သူမသိနှင့်ရော...လောကကြီးထဲက ထွက်သွားလိုက်ရတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီနေ့ရဲ့ အောင်မြင်မှုနဲ့ ပျော်ရွင်မူမျိုး ရည်ရွယ်ဂုဏ်ပြုလိုက်ပါတယ်......ကျွန်တော်တို့ အားလုံးအနေနဲ့လည်း အခုလို မင်္ဂလာရှိတဲ့ အချိန်ခါသမယမှာ ထိုပုဂ္ဂိုလ်တွေကိုလည်း မမေ့အပ်ပါဘူး...ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အခုလို ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ခြေများတယ်ဆိုတာကလည်း အားလုံးအသိပါ...ဒါပေမယ့် တကယ့်တကယ် လွတ်တော်ထဲရောက်မှ ဒေါ်စု အနေနဲ့ ဘယ်လောက်ထိ လုပ်ပိုင်ခွင့်ရမလဲ...ရောက်နှင့်နေတဲ့ ကြံဖွံ့ ပါတီကရော တိုင်းပြည်ကောင်းစားရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လောက်ထိပူပေါင်းလုပ်ကိုင်မလဲ ဆိုတာတွေကိုလည်း စောင့်ကြည့်ရအုံးမှာပါ......အမှန်တကယ် လွှတ်တော်ထဲမှာ လုပ်ရကိုင်ရ ထင်သလောက်မလွယ်လာမှာကိုလည်း အမေစုအနေနဲ့ ကလည်းသိပြီးသားပါ....ဘာဖြစ်လို့လဲဆိုတော့ ကြံဖွံ့နဲ့ စစ်တပ်က အများစု ချုပ်ကိုင်ထားကြလို့ပါဘဲ....ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ NLD ကို တဖြည်းဖြည်းချင်း လုပ်သွားနိုင်တယ်ဆိုတာကိုဘဲ နားလည်ထားရမှာပါ...
ရေးသားသူ - အောင်ဇော်

ပိုက်ဆံပေးတိုင်း ၀ယ်လို့မရနိုင်သော အရာများ

1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။

2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။

3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊
မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။

4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကျန်းမာခြင်း (He...alth) ကို ဝယ်လို့မရဘူး။

5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။

6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။

7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊
ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။

8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊
လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။

9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊
လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။

10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
အချိန် (Time) ကို ဝယ်လို့မရဘူး။

11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။

12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊
မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။

13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။
သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။

14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။
ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။

15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊
လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။

16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊
အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။

17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊
အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။

18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊
လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင် ပြန်ကာလို့မရဘူး။

19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊
အကောင်းမြင်ခိုင်းလို့မရဘူး။

20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို သုံးချင်သူ။
(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။

Sunday, February 26, 2012

မြန်မာတို့ရဲ့ ပထမဆုံးများ

 

၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်

၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင် 
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ် 
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး 
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ 
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း 
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု 
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင် 
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး 
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး 
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး 
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး 
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့  
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ 
၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု) 
၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း 
၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော် 
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင် 
၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင် 
၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင် 
၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည် 
၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန် 
၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆) 
၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်) 
၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင် ၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး) 
၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း 
၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင် 
၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ် 
၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇) 
၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု 
၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ ၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး) 
၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့်  
၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်
၄၀။ ပထမဆုံး မြန်မာ့???????

Sunday, February 12, 2012

ကွာလာလမ်ပူတွင်ရှင်သန်ခဲ့နေ့ရက်များ


ငါတို့ရဲ့ အနာဂတ်နှင့် ငါတို့ရဲ့လက်များ

NOTHING IMPOSSIBLE....မဖြစ်နိုင်ဘူးဆိုတာ မ၇ှိပါဘူးဗျာ...ရှေ့လျှောက်လည်း ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ အားလုံးရဲ့ ရသင့်ရထိုက်တဲ့မှန်သမျှ အခွင့်အရေးတွေကို ဆက်လက်တောင်းဆို လှုပ်ရှားသွားရအုံးမှာပါဘဲ...တကယ်တော့ ကျွန်တော်တို့က အခုမှစတင်အသက် ဝင် လာကြရုံဘဲ ရှိကြသေးတာပါ....အနည်းဆုံးတော့ အိမ်နီးချင်း နိုင်ငံတွေက ပြည်သူတွေလို ကိုရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှ တောင်းဆိုတတ်ရမယ် (စည်းကမ်းတကျ) ..တောင်းဆိုပိုင်ခွင့်ရှိတာကိုလည်း လူထုအားလုံး နားလည်အောင်ရှင်းပြရမယ်..." လူတဦးဟာ မွေးရာပါ လူသားဖြစ်တည်ခွင့်၊ လူသားတဦးရဲ့ အခြေခံရသင့်ရထိုက်တဲ့ အခွင့်အရေးတို့အပြင် ခေတ်နဲ့အညီလိုအပ်တဲံ့ နိစ္စှဓူဝ လိုအပ်ချက်အခွင့်အရေး မှန်သမျှကိုလည်း တောင်းဆိုတတ်ရမယ်.....ဒါမှကျွန်တော်တို့နှင့်တကွ ကျွန်တော်တို့အားလုံးရဲ့ မျိုးဆက်သစ်တွေဟာ ကိုယ့်ကြမ္မာနှင့် ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်လာ လိမ့်မယ် ...တချိန်တုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေတွေ လမ်းညွန်ခဲ့သလိုပါဘဲ ....ကျွန်တော်တို့က " သခင်မျိုး " တွေပါ...တိုင်းတပါးရဲ့ ကျွန်ဘဝ ကိုမကြိုက်သလို၊ ကိုယ့်လူမျိုးအချင်းချင်းရဲ့ လက်ဝါးကြီးအုပ် မျက်လုံးပိတ် ပုံစံခွက်ထဲ ထည့်ထားတဲ့ အဖြစ်မျိုးတွေကိုလည်း မလိုချင်ကြတော့ပါဘူး.. ကျွန်တော်တို့ အားလုံးရဲ့ လွတ်လပ်စွာ ပျံသန်းနိုင်မူတွေဟာ ကျွန်တော်တို့အားလုံးရဲ့ လက်တွေထဲမှာဘဲရှိရမယ်...
ရေးသားသူ - အောင်ဇော်(AUNGZAW)


Sunday, February 5, 2012

စုပ်လည်း စုပ်နိုင်ကြပါပေတယ် ( ဂုတ်သွေး )

ဖုန်းကိစ္စ ရင်ဖွင့်သံ
ဒီမှာ ဗမာပြေမှာ လူပေါင်း သန်၇၀ လောက်ရှိမှာပေါ့၊ GSM SIM ကဒ် အလကားပေးတယ်ဆိုရင် အားလုံးယူကြမှာထားပါတော့ သန်း၄၀ယူမယ်လို့ပဲ ထားပါတော့ အဲဒီ GSM SIM ကဒ် သန်း ၄၀ က တစ်ရက်ကို တစ်မိနစ်စီပဲ Local ဖုန်းပြောအုံး လက်ရှိ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေးနှုန်းထား အတိုင်းတွက်ကြည့်ရင် တစ်မိနစ် ၅၀ X သန်း ၄၀ = မြန်မာကျပ်ငွေ သန်းနှစ်ထောင် (နှစ်ဘီလီယံ) အားပါးပါး
ကဲ ပျမ်းမျှ တစ်ရက် ၂၄ နာရီ ထဲက မိနစ် ၂၀ စီ (၂၄x၆၀/၂၀=၇၂၊ မိနစ်၂၀ ဆိုတာ တစ်နေ့တာရဲ့ ၇၂ပုံတစ်ပုံပါ) ဖုန်းပြောတယ်ဆိုပါဆို့
လက်ရှိ တစ်မိနစ် ၅၀နှုန်းနဲ့ ဆို တစ်ရက်ဝင်ငွေဟာ ကျပ်ငွေသန်းပေါင်းလေးသောင်း = ကျပ်လေးဆယ်ဘီလီယံ = အမေရိကန်ဒေါ်လာ သန်း၅၀ပေါ့
တစ်နှစ်စာတွက်ကြည့်ရအောင် = သန်း၅၀ x ၃၆၅ = အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၂၅၀ = အမေရိကန်ဒေါ်လာ ၁၈.၂၅ ဘီလီယံပေါ့
... အလဲ့ အင်မတန် ကိုက်တဲ့ စီပွားရေးပါလား
ဒီလိုပြောကြည့်မယ်နော် ဆင်းကဒ် သန်း ၄၀ ကို အလကားပေး၊ ဖုန်းပြောခကို ၅၀ နဲ့ပဲ တစ်နှစ်လောက်ဆက်ကောက် ပါ ပေါ့
ဟုတ်တယ်ဟုတ်၊ တစ်နှစ်ကို ဒေါ်လာ ၁၈.၂၅ ဘီလီယံ ၀င်မယ့် ကိစ္စနော်၊
ဖုန်းသန်းလေးဆယ် အတွက် အင်ဖရာစရွက်ချာ ခေါ်တဲ့ လိုအပ်တဲ့ အိန်ချိန်းတို့ ဂိတ်ဝေးတို့ကို ကြီးကြီးကျယ်ကျယ် လျောက်ပြောမနေပါနဲ့
(နမူနာပြောတာနော်) ကျနော့်ကိုသာလုပ်ပိုင်ခွင့်ပေးကြည့်၊ အဲဒီလုပ်ပိုင်ခွင့်လက်မှတ်ယူပြီး တစ်ကမ္ဘာလုံးက Investment & Developement Bank တွေ လျောက်ပြမယ်
အဲဒီအတွက် တစ်နှစ်အတိုး ပြားစွန်းလေးနဲ့ ငွေချေးချင်တဲ့သူတွေ တစ်ပုံတစ်ပင်ကြီး အရေးကြီးတာက လုပ်ပိုင်ခွင့်လေ လုပ်ပိုင်ခွင့် ဟဲဟဲ
နောက်တစ်နည်းက ဆင်းကဒ် သန်း၄၀ ဆို ဟန်းဆက်သန်း၄၀ လိုလာမယ်၊ ဟန်းဆက် သန်းလေးဆယ် ရောင်းချင်တဲ့ ကုမ္ပဏီတွေ ဒီကိုလာ၊

အဲဒီရောင်းခွင့်အတွက် အိတ်ချိန်းတွေ ဂိတ်ဝေးတွေ ကော်နက်ရှင်တွေ ဖရီးလုပ်ပေးရမယ်လို့သာပြောလိုက်၊ အပြေးအလွှားကိုလာကြမှာ မြင်ယောင်သေး
မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး က အင်ဂျင်နီယာဂျီးတို့ရယ် ဆက်သွယ်ရေးကို ခင်ဗျားတို့ တစ်ယောက်ထဲ သိတယ်လို ထင်ပြီး ဖင်ဂေါင်းမကျယ်ကြပါနဲ့ (ကျုပ်လဲ အင်ဂျင်နီယာပါဗျ အာအိုင်တီက အင်ဂျင်နီယာပါဗျ) တိုင်းပြည်ကို ဖျက်ဆီးတဲ့နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် မပါမိကြပါနဲ့ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး က အင်ဂျင်နီယာဂျီးတို့ရယ် အဟက်ဟက်



(ဒါနဲ့ လက်ရှိ တစ်ရက်ဖုန်းပြောနေတဲ့ နှုန်းကလဲ မနဲဘူးနော် ၊ လက်ရှိကိုပဲ တစ်ရက် ကို ဘယ်လောက်ငွေဝင်နေလဲ မသိဘူး

တစ်ခါသုံးဖုန်းဆိုပြီး ထွင်ရောင်းတာလဲရှိသေး၊ တစ်ခါသုံးကဒ် GSM က သုံးသန်း နဲ့ CDMA က နှစ်သန်းလောက် ရောင်းပြီးပြီကြားတယ်

ဒီမှာတင် 3000000x20 + 2000000x50 = အမေရိကန်ဒေါ်လာ သန်း ၁၆၀ လောက် သာသာလေး ကယ့်ယူသွားပြီ
By: Tin Nwe

၉၄ ရာခိုင်နှုန်းသော ပြည်သူများကို ငဲ့ညှာပါ

ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်း ဥပဒေနှင့်ပဲ ကိုင်ပေါက်သူကပေါက်၊ ဆင်းမ်ကတ်ဆိုတာတော့ ပေါတာပေါ့ (ခုကျမှ)၊ အရေးကြီးတာက နက်ဝပ် . .. နက်ဝပ်တွေဆောက်ရတာလွယ် မှတ်လို့ဟု ငေါက်ငမ်းသူက ငေါက်ငမ်း . . . ဂြိုဟ်တုမရှိလို့ ဒီလိုဈေးကြီးနေရတာလို့ အကြောင်းပြသူကပြ … ငါတို့ နက်ဝပ်ကို မဖြတ်ဘဲ ဒင်းက ဘယ်ကဖြတ်မှာတဲ့လဲ … လုပ်ကြည့်စမ်းပါ ဟု မာန်သူကမာန် .. နည်းပညာကို လွှဲချသူကချ ..
သေချာတာကတော့ ဒီသတင်းအပေါ် အလွန်ပင်ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြသော အများပြည်သူကြီးက တစ်ဖက် … အကျိုးစီးပွားတွေ၊ အခွင့်အာဏာတွေနှင့် လုပ်ပိုင်ခွင့်တွေ ကိုင်လှုပ်ခံရတော့မလို အလန့်တကြား ငြင်း ဆန်ကန့်ကွက်သံတွေ ထွက်လာတာတွေက တစ်ဖက်

ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲရင်/တို့ခွင့်ပြုထားသူကလွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း... Messenger Journal Vol.2 No.38 Suppl...ement A ပါဆောင်းပါး ၉၄ ရာခိုင်နှုန်းကို စာနာပါ အဆိုးမြင်သူတစ်ယောက် မဟုတ်သည့်တိုင် ငါးထောင်ဖုန်းသတင်း စကြားလိုက်သည်နှင့် ဘယ်လိုတုန့်ပြန် သံတွေ ထွက်လာမလဲဆိုတာ မှန်းဆမိခဲ့ပါသည်။ အများပြည်သူတွေက ကြိုဆိုကြသည်။ ကမ္ဘာ့အမြင့်ဆုံး ဆင်းမ်ကတ်ပေါက်ဈေးနှင့် ၀ယ်သုံးခဲ့ရပြီး (အလွန် အတ္တကြီးသူတချို့ကလွဲလျှင်) ဖုန်းရှိနှင့်ပြီးသူတွေကလည်း မုဒိတာ ပွားကြသည်။ မယုံနိုင်ကြသော်လည်း အဲဒီအ တိုင်း ဖြစ်လာပါစေဟု ပြောကြဆိုကြသည်။ မဟာအခွင့်ထူး ရခဲ့ဖူးသူတို့ဘက်ကလည်း ချက်ချင်းအသံထွက်လာသည်။ ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်း ဥပဒေနှင့်ပဲ ကိုင်ပေါက်သူက ပေါက်၊ ဆင်းမ်ကတ်ဆိုတာတော့ ပေါတာပေါ့ (ခုကျမှ)၊ အရေးကြီးတာက နက်ဝပ် . .. နက်ဝပ်တွေဆောက်ရတာလွယ် မှတ်လို့ဟု ငေါက်ငမ်းသူက ငေါက်ငမ်း . . . ဂြိုဟ်တုမရှိလို့ ဒီလိုဈေးကြီးနေရတာလို့ အကြောင်းပြသူကပြ … ငါတို့ နက်ဝပ်ကို မဖြတ်ဘဲ ဒင်းက ဘယ်ကဖြတ်မှာတဲ့လဲ … လုပ်ကြည့်စမ်းပါ ဟု မာန်သူကမာန် .. နည်းပညာကို လွှဲချသူကချ .. သေချာတာကတော့ ဒီသတင်းအပေါ် အလွန်ပင်ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြသော အများပြည်သူကြီးက တစ်ဖက် … အကျိုးစီးပွားတွေ၊ အခွင့်အာဏာတွေနှင့် လုပ်ပိုင်ခွင့်တွေ ကိုင်လှုပ်ခံရတော့မလို အလန့်တကြား ငြင်း ဆန်ကန့်ကွက်သံတွေ ထွက်လာတာတွေက တစ်ဖက် … ကွဲပြားလှသော အသံတွေ ထွက်လာပါတော့သည်။ တစ်ချိန်က အခြေအနေတစ်ခုကြောင့် ဆယ်င့ါးသိန်းထိ တက်ယူခဲ့သော ဂျီဖုန်းများ အကြောင်းကြောင်း ကြောင့် ပျက်စီး/ပျောက်ဆုံး၍ လဲလှယ်လျင်ပင် လဲလှယ်ခ ကျပ်ငါးသောင်း (ယခင်က တစ်သိန်း)၊ နာမည်ပေါက် ချင် ကိုယ့်တာဝန်ကိုယ်ယူ၊ အာမခံလက်မှတ်ထိုး၊ မှတ်တမ်းမှာ နာမည်ပြောင်းရေးခက ကျပ်ငါးသောင်း၊ လိပ်စာ ပြောင်းချင် ကျပ်တစ်သောင်းဆိုပြီး (အခြားသောဌာနများနှင့် ခြားနားစွာ) အရာရာကို သောင်းချီ/သိန်းချီ သတ်မှတ် စီမံခွင့်ရနေသူများထံမှ ကျပ်ငါးထောင်တန် ဆင်းမ်ကတ်အတွက်တော့ မဖြစ်နိုင်သည့်အကြောင်းတွေသာ သိန်း သောင်းချီကြားရမည်ဟု မျှော်လင့်ပြီးသား ဖြစ်ပါသည်။. ဟုတ်ကဲ့ … မြန်မာပြည်ထက် ခေတ်အဆက်ဆက် အရာရာနိမ့်ပါးသည်ဟု သတ်မှတ်ခံခဲ့ရသော အိမ်နီး ချင်း ကုန်းတွင်းပိတ်လော နိုင်ငံငယ်လေးတွင်ကော ဂြိုဟ်တုကိုယ်ပိုင်ရှိပါသလား … သေချာတာကတော့ လွန် ခဲ့သည့် ငါးနှစ်လောက်ကပင် လောမှာ နံပါတ်သေဆင်းမ်ကတ်တစ်ကတ်လျှင် ဆယ်ဒေါ်လာ (ကျပ် ရှစ်ထောင် စွန်းစွန်း) နှင့် အလွယ်တကူ ၀ယ်သုံးနိုင်နေခဲ့ပြီ။ လူဦးရေခြောက်သန်းတွင် တစ်သန်းခွဲ ၂၅ ရာခိုင်နှုန်း ဖုန်းသုံးနိုင် နေခဲ့ပြီ။ ယခုလောက်ဆို လူဦးရေ ထက်ဝက်ထက်မနည်း သုံးနိုင်နေလောက်ပြီ။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာကော အိန္ဒိယရဲ့ အမွဲတေဆုံးပြည်နယ်တွေမှာရော၊ တရုတ်ပြည်ရဲ့ အသွားအ လာ ခက်ခဲတဲ့ဒေသတွေမှာကော၊ အာဖရိကမှာကော ဘယ်မှာမှ မိုဘိုင်းနက်ဝပ်တွေ ဆောက်ရခက်လို့ တိုင်တွေ လိုက်စိုက်နေရလို့ဆိုတဲ့ အကြောင်းပြချက်နှင့် ဆင်းမ်ကတ်တစ်ကတ် ဒေါ်လာသုံးရာကျော် ပေးရတာမျိုး မကြားဖူးခဲ့၊ ထိုနိုင်ငံတွေမှာ တစ်နေ့ဝင်ငွေ တစ်ဒေါ်လာပင်မပြည့်သည့် ထင်းခြောက်လိုက် ကောက်သူပင် မိုဘိုင်းဖုန်းသုံးစွဲ နိုင်ကြသည်မှာ အိပ်မက်မဟုတ်ပါ။. ကမ္ဘာပေါ်တွင် တံခါးပိတ်ဝါဒနှင့် ကျန်ခဲ့သည့် နောက်ဆုံးနိုင်ငံအနည်းငယ်ထဲတွင် ပါဝင်သော ကျူးဘားမှာပင်လျင် ဆင်းမ်ကတ် တစ်ကတ် ဒေါ်လာတစ်ရာ (ကျပ်ရှစ်သောင်းကျော်) သာဖြစ်ရာ ဒီမိုကရေစီနိုင်ငံသစ်ဆီ နောက်ပြန် မလှည့်စတမ်း ချီတက်နေသည်ဆိုသော မြန်မာနိုင်ငံတွင် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနှင့် ဆက် သွယ်ရေးကဏ္ဍကို ဇက်ကြိုးကြီးတုန့်ဆွဲပြီး ပက်ကျိနှုန်းထားနှင့် ချီတက်နေသည်မှာ မည်သို့မျှ ဆီလျော်မှုမရှိတော့ ပါ။ ယနေ့ထိ မြန်မာ့တယ်လီဖုန်းသိပ်သည်းဆမှာ ၆ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် တယ်လီဖုန်းမသုံးနိုင်သော လူဦးရေမှာ ၉၄ ရာခိုင်နှုန်း ဖြစ်နေပါသည်။ (ကမ္ဘာပေါ်တွင် အနိမ့်ဆုံးနှုန်း/ရှက်ဖွယ်လိလိ နိမ့်ကျမှုနှုန်းဖြစ်၏) လျှပ် စစ်စွမ်းအင်သုံးစွဲနိုင်မှုပင်လျင် ၂၅ ရာခိုင်နှုန်းခန့်ရှိနေရာ ဆက်သွယ်ရေးတိုးတက်အောင် လုပ်ဆောင်ဖို့က ပို၍ပင် ဦးစားပေးသင့်ပါသည်။ လုပ်လည်းလုပ်နေပါ သည်ဟုဆိုသော ဂျီအက်စ်အမ် သန်း ၃၀ ငါးနှစ်စီမံကိန်းကြီးကို အသံစထွက်လာက တည်းက လေ့လာမိပြီး သက်ပြင်းချမိခဲ့ရသည်။ အစိုးရသစ်တက်စ ထိုအချိန်က မီဒီယာတွေ ယခုလောက် မပွင့် လင်းနိုင်သေး၍ သုံးသပ်မိသမျှ ရင်ထဲမှာပဲ ထားခဲ့ရသည်။ ယခုတော့ ပြောရတော့မည်။ အစိုးရဟောင်း၏ နောက်ဆုံးစီမံမှုများထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပုံရသည့် မိုဘိုင်းဖုန်းကို ကျပ်ဆယ့်ငါး သိန်းမှ ငါးသိန်းသို့ ပြန်ချပေးခဲ့တော့ ဒါ ဆက်သွယ်ရေးလွယ်ကူမှုအတွက် ပထမအဆင့်ပဲလေဟု သက်မချမိခဲ့ သည်။ ယခင်က လိုင်းအင်အားသောင်းဂဏန်းအတွက် ကျပ်ငါးသိန်းနှင့်စခဲ့ပြီး ပြင်ပပေါက်ဈေးကြောင့် ဆယ့်ငါး သိန်းတက်ယူခဲ့သည်။ နောက်ပိုင်း လိုင်းအင်အား ရန်ကုန်-မန္တလေးပေါင်းလျင်ပင် သုံးလေသိန်းထက်မနည်း စီစဉ် တော့လည်း တပ်ဆင်ခ ငါးသိန်းဆိုတော့ နည်းနည်းမျက်ခုံးပင့်ကြည့်ခဲ့မိသည်။ တစ်ဖန် ထိုစံမံကိန်းကို နာမည်ကြီး ကုမ္ပဏီတစ်ခုတည်းကသာ ပြိုင်ဖက်မရှိ လုပ်ခွင့်ရသည်ဆိုတော့ Cronism ဆိုသည့် စကားလုံးကို ပိုသဘောပေါက် သွားခဲ့သည်။ (ဆက်သွယ်ရေးလုပ်တာ စာအုပ်ရိုက်သလိုပဲ စောင်ရေများလေ တစ်အုပ်ချင်းကုန်ကျစရိတ် လျော့ကျလေ၊ ဖုန်းလိုင်းများလေ တစ်လိုင်းချင်းစရိတ်လျော့ကျလေ၊ ဈေးလျော့ရောင်းနိုင်လေပဲဆိုတာ ကလေးက အစ တွက်ကြည့်နိုင်သည်) တစ်ဖန် အစိုးရသစ်လက်ထက် သန်း ၃၀ စီမံကိန်းမှာတော့ ကုမ္ပဏီကြီးတစ်ခုတည်း မဟုတ်တော့ ဘဲ ကုမ္ပဏီအများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ ပထမဆုံးနှစ်မှာတင် လိုင်းအရေအတွက် လေးသန်း ရောင်းချသွားမည်ဟု ဆိုသည်။ အရေအတွက်က အားရစရာကောင်းသလောက် ဈေးနှုန်းအကြမ်းဖျင်းဆိုတာ ကြား ရပြန်တော့ ဘ၀မကျနိုင်ခဲ့။ ဒီမျှသန်းချီ လိုင်းအရေအ တွက်ရောင်းချဖို့ စီစဉ်ထားတာတောင် ဆင်းမ်ကတ်တစ်ကတ် သုံးသိန်းဝန်းကျင်တဲ့လား၊ များများရောင်းရမှ နောင်စီမံကိန်းနှစ်တွေမှာ ဈေးထပ်လျှော့ပေး မည်ဟု ဆိုသည်။ ထိုစံမံကိန်းအတွက် ပါဝင်သော ကုမ္ပဏီများမှ ကျပ်ဘီလီယံငါးရာ ရင်းနှီးမြုပ်နှံမည်ဟု ဆိုသည်။ တစ်ကတ် ကျပ်သုံးသိန်းနှုန်းနှင့် ပထမနှစ် ကတ်လေးသန်းရောင်းချရလျင်ပင် ကျပ်ဘီလီယံတစ်ထောင့်နှစ်ရာ ပြန် ရမည် ဖြစ်ရာ တစ်ကျပ်ရင်းပြီး ချက်ချင်းနှစ်ကျပ်ကျော်ကျော် ပြန်ရှာမည့်သဘောသာ ဖြစ်နေသည်။ (ပြောခတွေ လုံးဝမပါသေး) ငါးသိန်းနှင့်ရောင်းစဉ်က လိုအပ်ချက်ရှိသူတွေက ကြိတ်ကြိတ်တိုးဝယ်ကြ သည် ဆိုသည့်တိုင် ရန်ကုန်- မန္တလေး နှစ်မြို့ပေါင်း တစ်နှစ်အတွင်း ကတ်ငါးသိန်း ပြည့်ပါရဲ့လား၊ သုံးသိန်း (သို့) နှစ်သိန်းခွဲနှင့် ရောင်းပါ လျှင် ဝယ်လိုအားနှစ်ဆတိုးပါမှ ကတ်တစ်သန်းလောက် ပဲ ရောင်းရနိုင်သည်။ တစ်နှစ်အတွင်း ကတ်လေးသန်း ရောင်းချဖို့ဆိုသည်မှာ ထိုဈေးနှုန်းနှင့်သာ ဆိုလျှင် လျာ ထားချက်ပြည့်မီမည် မထင်၊ သို့ဆိုလျှင် နောင်ဒီထက် ဈေးလျှော့ချဖို့လည်း မလွယ်တော့။ ငါးနှစ်အတွင်း ဖုန်း သန်း ၃ဝ ရောင်းချရပြီး မြန်မာပြည်၏ တယ်လီဖုန်း သိပ်သည်းဆ ၆ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းသို့ ရောက် ရှိရေးဆိုသည်မှာ ဖြစ်နိုင်ဖွယ်မမြင်တော့။ ကုမ္ပဏီတွေနှင့် ဌာန ဘယ်လိုအ ကျိုးခွဲဝေသလဲတော့မသိရ။ နှစ်ကာလရှည်ကြာ ဖုန်းဒုက္ခခံစားခဲ့ရသော ပြည်သူတွေအတွက်မူ ကမ္ဘာ့ဈေးအကြီးဆုံး မိုဘိုင်းဖုန်း သာ ဆက်ဝယ်သုံးကြရဦးမည့်သဘော (ကျပ်သုံးသိန်း= ဒေါ်လာ သုံးရာကျော်) ဒါကိုပင် တန်ဖိုးနည်းဖုန်းဟု သတ်မှတ်ခေါ်ဝေါ်နေခြင်းကလည်း သတ်မှတ်သူတို့၏ အတွေးအခေါ်များ စနစ်ဟောင်းထဲတွင် ပိတ်မိကျန်ရစ်နေ ကြောင်း သက်သေထင်ရှားပြနေသလိုပင်။ အခြားနိုင်ငံတွေမှာ ဖုန်းကုမ္ပဏီထောင်ပြီး ကြီးပွား ကြသူတွေအကြောင်း ဖတ်ဖူးပါသည်။ သို့သော် ဆင်းမ် ကတ်ကို ဈေးကြီးကြီးရောင်းပြီး ကြီးပွားတာမျိုးတော့ မဟုတ်။ ဆင်းမ်ကတ်ကို အလကားနီးပါး လောက်ပေးပစ်ကာ သန်းချီသောသုံးစွဲသူများ၏ ပြောခတွေနှင့်သာ အရင်းအမြတ်ပြန်ရှာကြတာမျိုးသာ၊ ဒီမှာတော့ ဆင်းမ်ကတ်ဆိုလျှင် ဒေါ်လာရာဂဏန်း ပေးကိုပေးရမည်ဟု ပြဌာန်းထားသလို ဖြစ်နေသည်။ ယခုဆိုလျှင် နှစ်ပေါင်းများစွာ သံသယပွားခဲ့ကြ သော ရှမ်း၊ ကချင်၊ ကရင်စသော တိုင်းရင်းသားလက် နက်ကိုင်များနှင့်လည်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမ သဘောတူညီနိုင်ပြီဖြစ်ရာ သူတို့နေရေးထိုင် ရေး စားရေးသောက်ရေး အဝဝ ကူညီပေးရာတွင် ဆက်သွယ်ရေးလည်း ပါရပေလိမ့်မည်။ ဒီတော့ နီးရာတစ်ဖက်နိုင်ငံတွေက ဆင်းမ်ကတ် တစ်ကတ်ကို မုန့်ဖိုးလောက်နှင့် အလွယ်တကူဝယ်သုံးနေ ကြသူတို့ကို ဆင်းမ်ကတ်တစ်ကတ် သုံးသိန်းနှင့်ပဲ သွား ရောင်းပေးကြမှာလား။ ရော့.. ဒါ တို့တိုင်းပြည်ရဲ့ တရား ဝင်မိုဘိုင်းဖုန်း... လောလောဆယ် တစ်လုံးသုံးသိန်း ... များများရောင်းရလို့ နောင်နှစ်လောက်ဆိုရင်တော့ နည်းနည်းထပ်လျှော့ပေးမယ်... ဒီလိုပြောပြီး ငြိမ်းချမ်း ရေးကို အထောက်အကူပြုနိုင်မှာတဲ့လား... နောက်ကျ ကျန်ခဲ့သော ဖွံ့ဖြိုးမှုတိုးတက်ရေးက ခုခေတ်မှာ တစ်ရွာ လျှင် စီဒီအမ်အေလေး အနည်းငယ် ချထားပေးရုံနှင့် မလုံလောက်နိုင်ပြီ။ စာရေးသူ အဓိက တင်ပြလိုသည်မှာ ဆက်သွယ်ရေး ကဏ္ဍတွင် မလိုအပ်ဘဲ ကုန်ကျမှုများနေရသည်များကို ထိထိရောက်ရောက် လျှော့ချရေး၊ ဆက်သွယ်ရေးသိပ် သည်းမှု အလျှင်အမြန်တိုးတက်လျက် တိုင်းပြည်ဂျီဒီပီ မှအစ စီးပွားရေးဘဝတစ်ခုလုံး ကျွဲကူးရေပါ လိုက်ပါ မြင့်တက်နိုင်စေရေး အပြုသဘောသာ ဖြစ်ပါသည်။ ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲလျှင် တို့ခွင့်ပြုထားသူက လွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း... (ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ဆယ်နှစ်လောက်ကတည်းက ဘတ်သုံးရာ= ဆယ်ဒေါ် လာခန့် ပေးလိုက်လျှင် ကြိုးဖုန်းတစ်လုံး ၂၄ နာရီအတွင်း ရရှိသည်) ဒါကြောင့် ငါးထောင်တည်းနှင့် ရောင်းမယ့် UTMS ဆင်းမ်ကတ်စနစ်ဟာ အကြောင်းအမျိုးမျိုးကြောင့် လော လောဆယ် မြန်မာပြည်မှာ မဖြစ်နိုင်သေးဘူးပဲ ထားဦး၊ (ဒါကိုလည်း Third Party ကျွမ်းကျင်သူတို့နှင့် လေ့လာ ဆန်းစစ် ကြည့်မှ အဖြေမှန်ပေါ်မည်ဟု ထင်သည်။ သို့မဟုတ်လျှင် မြစ်ဆုံဇာတ်လမ်းအစပိုင်း ကလို ငါပြောတာမယုံ၊ ငါ့ဘကြီးမေးကြည့်ဆိုတာမျိုး ဖြစ်နေဦးမည်) ယခုလက်ရှိ ကုမ္ပဏီများနှင့် ဆောင်ရွက်နေသော စီမံကိန်း ကိုပင် အသေအချာ ပြန်လည် သုံးသပ်လျှင် ရှဥ့်လည်း လျှောက်သာ ပျားလည်းစွဲသာ ရည်မှန်းချက်ပေါက် မြောက်နိုင်သည့် အခြေအနေရှိပါသည်။ (ကုမ္ပဏီဆယ့်သုံးခု အရင်းမဆုံးစေရပါ) ဆင်းမ်ကတ်တစ်ကတ် နှစ်သိန်းခွဲ/သုံးသိန်းအစား ကျပ်ငါးသောင်းမျှနှင့် တွက်ကြည့်ပါ... ဆင်းမ်ကတ်တစ်ကတ် ကျပ်ငါးသောင်းနှင့် ရောင်း လျှင်ပင် ပထမနှစ် ကတ် ၄ သန်းအတွက် ကျပ်ဘီလီ ယံ ၂ဝဝ တိတိပြန်ရပါလိမ့်မည်။ (ထိုဈေးနှင့် ရောင်းပါ မှ တစ်နှစ်အတွင်း ၄ သန်းကုန်နိုင်ချေရှိသည်) ထိုဖုန်းလေးသန်း တစ်လုံးတစ်လ ကျပ်ငါးထောင် ဖိုး (မိနစ်တစ်ရာ) ပြောသည်ထားဦး၊ ပြောခချည်းသက် သက် တစ်လ ဘီလီယံ ၂ဝ၊ တစ်နှစ် ဘီလီယံ ၂၄ဝ အေးအေး လေးရပါမည်။ စုစုပေါင်း ဘီလီယံ ၄၄ဝ ရနေပြီဖြစ်၍ဘီလီယံငါးရာဆိုသော အရင်းအနှီးမှာ တစ်နှစ် ကျော်ကျော်လေးနှင့်ကျေပြီး နောက်ပိုင်းပြည်သူတွေ မနေနိုင်၍ ပြောသမျှ ဘီလီယံပေါင်း များစွာ မြတ်စွန်းပါလိမ့်မည်။ ငါးထောင်အစား ငါးသောင်းနှင့် ရောင်းလျှင်ပင် ဤမျှမြတ်စွန်းသည်ကို နည်းသည် ဟု ထင်နေပါသေးလျှင် ဒီမိုကရေစီနိုင်ငံသစ်လေးတွင် စီးပွားမရှာသင့်ပါ။ ဌာန အနေဖြင့်လည်း ပြည်သူ့အကျိုးသယ်ပိုးရသော ဝန်ထမ်း ဌာနဖြစ်သည်နှင့်အညီ အများပြည်သူ၏ သက်သာချောင် ချိမှုကို ဒီ့ထက်ပိုပြီး မျက်ချည်ပြတ်မခံသင့်တော့ပါ။ သောင်းချီသိန်းချီ သတ်မှတ်သမျှ ပေးဆောင်နေကြရသည် မှာ အခြားရွေးချယ်ခွင့်မရှိ၍ ဖြစ်ပါသည်။တစ်အိမ်လုံး မှာ ဖုန်းတစ်လုံးပင် မရှိ၍ ရှိသမျှလေး ထုခွဲကာ ငါး သိန်းဖုန်းဝယ်ထားကြရပြီး ပြောခသက်သာစေဖို့ တစ်ဖက်ကို missed call တွေချည်းပေးကာ ပြန်အဆက် စောင့်တာမျိုးက ဒီတိုင်းပြည်မှာပဲ ရှိမည်ထင်သည်။ပြည်သူ့ဘဝတွေထဲ ဆင်းကြည့်ကြပါ။ တစ်ကျပ်တစ် ပြားအတွက် မည်မျှခက်ခဲနေသည်ကို အထင်အရှား တွေ့ နိုင်ပါသည်။ လူ့အခွင့်အရေး တွေဘာတွေ ခဏထားဘိဦး၊ ကမ္ဘာ့ ပြည်သူအများစုကြီးနှင့် ခြားနားလှစွာ ''လွယ်ကူသက် သာစွာ ဆက်သွယ်နိုင်ခြင်း'' ဟူသော အခွင့်အရေးပင် နှစ်ပေါင်းများစွာ ပိတ်ပင်ခံထားရသလို ဖြစ်နေသည့် ၉၄ ရာခိုင်နှုန်းသော ပြည်သူများကို စာနာပါဦးဟု တင်ပြ လိုက်ရပါသည်။ မင်းမြတ်စံ

DO OR DIE

MESSENGER JOURNAL ကြိုးစားထားပါတယ်...

Sunday, January 22, 2012

၅၀၀၀ တန်ဆင်းမ်ကဒ် ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းတောင်းဆို ကြပါစို့

ဘယ်လိုလဲ ...ဘယ်လဲ သမ္မတကြီးဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များ...နိုင်ငံတော်နှင့်နိုင်ငံသားတွေကို စေတနာတရားကြီးမားလှပါပြီးဆို.......လက်တွေ့ပြချိန်ရောက်နေပါပြီး....မလုပ်နိုင်တဲ့သူများ (ဆက်သွယ်ရေးဝန်ကြီး နှင့် အပေါင်းပါများ ) ကျေးဇူးပြုရု " ကဖျက် ရဖျက်" တော့မလုပ်ကြပါနဲ့....လုပ်နိုင်တဲ့သူများကို လမ်းဖွင့်ပေးလိုက်ကြပါ...
" လှည်းဘီးနွံထဲ ကျွံနေသည် နိုင်ငံသားတိုင်းကူရု တွန်းပေးကြပါ " 
ကျွန်တော်တို့ရဲ့ အိမ်နီးချင်း၊ လူဦးရေထူထပ်များလည်းများ ဆင်းရဲပါတယ်ဆိုတဲ့ ဘင်္ဂလားဒေရှ့် မှာတောင် ကျွန်တော်တို့ထက်ကို ဘာကြောင့်လူတိုင်းဖုန်းကိုင်နေနိုင်ရတာလဲ...









http://www.facebook.com/5000SimCard?sk=friendactivity#!/5000SimCard
အောင်ဇော် ရေးသားသည် ။

Wednesday, January 18, 2012

ငါတို့ရဲ့ အနာဂတ်တွေ ပြန်ပေးလှည့်ပါ

ဆေးတခွက်ကို အားပါးတရ မော့သောက်ပြီးမှ
အဆိပ်မှန်းသိရတဲ့ အဖြစ်ကိုလည်း
ငါတို့တခါပြန်မလိုချင်ဘူး.....
ချောက်တခါ၊ ချော့တလှည့်
အပေါ်ယံ သကာရည်သုတ်လိမ်းထားတဲ့
စကားလုံးတွေနဲ့လည်း
ထပ်ပြီးမလှည့်ဖျားပါနဲ့တော့...
ကယ်တင်ရှင်ကြီး အဖြစ်နဲ့တမျိုး
စေတနာရှင်ကြီး ဖြစ်တလှည့်နဲ့... 
ငါတို့ရဲ့ အိမ်မက်တွေကို
မဖမ်းစားပါနဲ့တော့......
လက်တဆုပ်စာသော လူတစ်စု
" စိန်စီသောည " တွေကို ပျော်မွေ့နိုင်ဖို့
မိသားစုတွေနဲ့ အနာဂတ်တွေကိုရင်း
ကံတရားနဲ့ အလောင်းအစားလုပ်ပြီး
ကမ္ဘာအနှံခြေဆန့်လို့
ရေကြည်ရာ မြက်နုရတဲ့(ကျွန်ဘဝ) အဖြစ်မျိုးတွေကိုလည်း
ငါတို့ မလိုချင်တော့ဘူး.........
အေးချမ်းပြီး စိတ်ရှည်သီးခံနိုင်လွန်းတတ်တဲ့
ငါတို့ရဲ့ ပင်ကိုယ်ဂုဏ်သတ္တိတွေကိုလည်း
လူတစ်စု ဖင်ခုထိုင်ခဲ့တာ
နှစ်ပေါင်းများခဲ့ပါပြီး.......
" ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါ " ဆိုတဲ့
ခေါ်ဆောင်ရာနောက်ကို
တလူလူတက်နေတဲ့
ငါတို့ရဲ့ ဦးနှောက်တွေနဲ့ အနာဂတ်တွေ
ပိတ်လှောင်ခံခဲ့ရပေါင်းလည်း မနည်းခဲ့ပြီး...
မြို့စားကြီး(နေဘုန်းလတ် @ ဘုန်းဦးမော်) ပြောသလိုပါဘဲ
" ငါတို့ရဲ့ စိတ်ဓါတ်နဲ့ အနုပညာကို
အကျဉ်းချထားလို့ မရနိုင်ခဲ့ပါဘူး ..."
လက်တဖက်က မုန့် ၊ လက်တဖက်က တုတ်
ထူးမခြားနား ပတ်ပျိုးကိုတီးလို့
၉၀ ပြည့်ရတု အမှတ်တရ တခန်းရပ်ပြဇတ်တွေကိုလည်း
ငါတို့တခါပြန်မကြည့်ချင်တော့ဘူး.....
( ၁၉၉၀ ပြည့်နှစ်ရဲ့ ကံကြမ္မာကို ပြန်တွေးနေမိလေရဲ့)
ဒီတကြိမ်တော့
" ဝင်စို့ ၊ ထွက်စို့ " မအော်ကြေး.....
" ဘွားတေး " မပါကြေး......
ခြေထိုးမခံကြေး...
ယှဉ်ကြရအောင်လား...
ငါတို့ရဲ့ အိမ်မက်တွေ............
ငါတို့ရဲ့ အနာဂတ်တွေ..........
ငါတို့ရဲ့ အဖြူရောင်တိမ်တိုက်တွေ......
ငါတို့ရဲ့လက်တွေနဲ့ ဖန်တီးနိုင်ခွင့်ရှိရမယ်.....
မြို့စားကြီး နေဘုန်းလတ် နှင့် အိမ်ပြန်ခွင့်ရသူများကို ဂုဏ်ပြုပါ၏
အောင်ဇော် ခံစားသည် (Written by AUNG ZAW )

ကွာလာလမ်ပူရဲ့နေ့ရက်များ


Monday, January 16, 2012

တချိန်က ရေကြည်အိုင် (ငရဲခန်း) ရဲ့ အရှင်သခင်

*Posted by admin on January 15, 2012*  *မောင်ညီ MMCP*
     " တချိန်က ရေကြည်အိုင်(ငရဲခန်း) ရဲ့ အရှင်သခင် "

ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ
စမ်းသပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာပြန်လည်ထင်ပေါ် လာနိုင်သေးလားဆိုတာ စမ်းကြည့်တာလဲဖြစ်နိုင်တယ်။ သူလုပ်ခဲ့တာ ကောင်းခဲ့တာ တွေရှိတယ် ဘာဘာညာညာ။ မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာသူပါ တယ်။ တရားခံနံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့စရိုက်ဆိုတဲ့ဘက်ကို လုပ်ပြသွားတာ သူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရတယ်ဆိုတဲ့
ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန်အောင် ကြူပင်ခုတ် ကြူငုတ်မကျန်လုပ်ခဲ့တာ သူပါပဲ။ ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်းနှိပ်စက်ခန်းတွေဟာ သူ့စနက်တွေချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာကအစ သောက်တဲ့ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွားခဲ့တာသူပါပဲ။ ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ် ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမသိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ
ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက်သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာသူပါ။

     စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ
နေရာပေးခြင်း ခံခဲ့ရတာပါ။ ဦးနေ၀င်း ဆင်းပြီး သူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို
နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီအချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။နောက်က တကယ်လှုပ်ရှားခဲ့တာ အတွင်းရေးမှူး (၁) တွင်း (၂)နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန်ပြအဖြစ်
တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။ သေနတ်ရှိမှနေရာမြဲတဲ့စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက်နောက်ခံမရှိတဲ့ ဗိုလ် ခင်ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာသိပါတယ်။ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေး လုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့၊ လက်နက်ကိုင် သူပုန်အဖွဲတချို့ကိုငြိမ်းချမ်းရေးအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျောထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲ တောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေ သူတလူ၊ ငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရ ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံမရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး
သူဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။ စစ်အစိုးရအနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက်တာလဲ ပါမယ်ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။
တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြောတတ်ဘူး။ 
Ref:// မှော်ဆရာအဖွဲ့
မြန်မာဘလောဂ့်ဂါ(Blogger) နေဘုန်းလတ် ကို လှိုက်လှဲစွာကြိုဆိုပါ၏...
WARMLY WELCOME TO NAY PHONE LATT (BLOGGER)
အရင်လို ငါတို့ရဲ့ ရည်ရွယ်ချက်တွေ...ငါတို့ရဲ့ ပန်းတိုင်တွေ...ငါတို့ရဲ့ ဝါသနာတွေ...
ငါတို့အရင်ကထက် ပိုပြီးအပြင်းနှင်ကြမယ်...
အောင်ဇော်

Sunday, January 15, 2012

လာမနွယ်ခိုင်းပါနဲ့

ဒဿဂိရီ ကိုပြန်ပြီးအသက်မသွင်းကြပါနဲ့ ( မျက်နှာဖုံးအမျိုးမျိုးစွပ်နိုင်တဲ့သူ)


မနေ့က နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာပြီး  ခင်ညွန့်နဲ့ပတ်သက်ပြီး ခင်ညွန့်အကြောင်းကို ထိုးတင်ပြီး ရေးသားထားတဲ့ ရေးသားမှုအနည်းငယ်ကို ကျနော်ဖတ်ရှုလိုက်ရပါတယ်။ သနားကြင်နာလို့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီလူနဲ့  မပတ်သက်တော့ဖို့ ဒီနေရာကနေ  ကျနော့်အနေနဲ့တိုက်တွန်းပါရစေ- မေတ္တာရပ်ခံပါရစေ..။

ပါးစပ်ထဲက ဘုရားဘုရားနဲ့ လက်က ကားရား- ကားရားလုပ်မယ့် သူတော်ကောင်းယောင်ဆောင်နေတဲ့ ကြောင်သူတော်ကြွက်သူခိုးဆိုတာ ဒီလူမှဒီလူစစ်စစ်ပါပဲ၊ လွတ်လာတဲ့ဗီဒီယိုဓါတ်ပုံထဲကပုံကိုကြည့်ပါ...
စစ်ဘောင်းဘီကမချွတ်သေးတဲ့ပုံကိုက စောင့်ချိုးမပြေသေးဘူးဆိုတာကို မီးမောင်းထိုးပြထားသလိုမျိုး သက်ရောက်နေပါတယ်။ သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ကျနော်နိုင်ငံရေးကိုမလုပ်တော့ ဘူးလို့ဖြေဆိုခဲ့ပြီး...သမ္မတအကြံပေးအဖြစ်ခန့်ရင် လုပ်မလားလို့မေးတော့တချက်တွေဝေသွားပြီး ကျနော်မစဉ်းစားရသေးဘူးလို့ ကြောင်တောင်တောင်လုပ်ပြီးဖြေကြားခဲ့တာကိုက ရရင်လုပ်မယ့် အထာ မျိုးဖြစ်နေပါတယ်။ အမှန်မှာ မိမိက ဘာသာတရားကိုပဲလုပ်တော့မယ်ဆိုပြီး ရင်ထဲကဆုံးဖြတ်ထားရင်. ..နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာရာထူးပဲပေးပေး  မလုပ်တော့ဘူးလို့ သတင်းထောက်ရဲ့အမေးကို တိုက်ရိုက်ဖြေကြားရမှာပါ....အခုလိုဖြေကြားတဲ့သဘောက နိုင်ငံရေးနဲ့ပက်သက်ပြီး နွယ်လို့ရရင် နွယ်ချင်သေးတဲ့  သဘောကို သက်ရောက်နေပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတနဲ့ တွေ့ဆုံဆွေးနွေးတာကောင်းတယ်လို့...ဒီအချိန်မှာ ဒီစကားမပြောရင်ဘာစကားသွားပြောရမှာလဲ.. ..ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံတောင်မှကောင်းသေးတယ်- ထောက်ခံလိုက်မှ သူ့ဂွင်ထဲ ရောက်သွားရင် ဒုက္ခ....ခင်ညွန့်ရဲ့ ဥပတိကိုကြည့်ပါ အမြဲတမ်းဆင်ကြံ ကြံနေမယ့်ရုပ်ပါ ...ဥပတိရုပ် နဲ့ကော-လူနဲ့ကော- စိတ်နဲ့ပါ လိုက်ဖက်ညီထွေပါတယ်...သူ့ဆရာသန်းရွှေရဲ့ ဥပတိရုပ်က အမြဲတမ်း အကောက်ကြံတဲ့မြေခွေးတို့လို....ဝံပုလွေတွေလိုဥပတိရုပ်ပါ..လိုက်လည်းလိုက်ဖက်တဲ့ ဆရာတပြည့် နှစ်ကောင်ပါပဲ..။ကျနော်ဆိုလိုချင်တာက....အာဏာရှင်တွေဟာ  အာဏာလက်ဝယ်ရှိစဉ်တစ်မျိုး- အာဏာလက်မဲ့ဘဝနဲ့တစ်မျိုး စကားကိုအမျိုးမျိုးအထည်လဲပြီးပြောတတ်ကြပါတယ်။မာယာထောင်ချောက် ဆိုတာသိကြမှာပေါ့...ကလိမ်ကကျစ်လမ်းစဉ် ငြိမ်ပိအစွမ်းကိုလည်းတွေ့ဘူး-မြင်ဘူး- ကြားဘူးကြပါ
လိမ့်မည်။  ဒီလူကြောင့် ပြည်မြန်မာကြီး ဂျွန်းထိုးမှောက်ခုံဖြစ်ခဲ့ရသလို....ဒီလူကြောင့် ပြည်သူအများ ဒုက္ခပေါင်းမျိုးစုံခံစားခဲ့ရပြီး ဒီလူကြောင့် နိုင်ငံရေးသမားတွေ ဘယ်လိုအဖမ်းခံရပြီး-ဘယ်လိုညှင်းပမ်း နှိပ့်စက်သတ်ဖြတ်မှုတွေခံခဲ့ရသလဲဆိုတာ မပြောလည်းသိကြမည်ထင်ပါသည်။
    ၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာ လက်စွမ်းပြခဲ့တဲ့ အဓိကဇတ်ကောင်ထဲမှာ သူလည်း အပါအဝင်ပေါ့..။  ၈၈ နောက်ပိုင်း တန်ခိုးသြဇာအာဏာကြီးထွားလာပြီး ဆရာစစ်စစ်နေဝင်းကိုဖမ်းစီးပြီး ဇတ်တူသားစားတဲ့ ဇတ်လိုက်မင်းသားလည်းသူပါပဲ၊အနာဂတ်မြန်မာနိုင်ငံရေးမှာတန်ခိုးသြဇာကြီးမားလာဖို့ ထောက်လှမ်းရေးကွန်ယက်ကြီးကိုချဲ့ထွင်ပြီး  စစ်တပ်ကို ခါးပိုက်ဆောင်ဖို့ကြိုးစားရင်းက....မြွေမြွေချင်း ခြေမြင်တဲ့ သန်းရွှေရဲ့ လက်ဦးမှုကိုခံလိုက်ရပြီး ဆိုင်းငံထောင်၄၄နှစ် နဲ့ ဂိန်သွားတယ်ဆိုတာလည်းအများ
အသိပါ..။ သူ့ဘဝကိုတရားလမ်းကြောင်းနဲ့ သွားတာသူ့အတွက်ပိုသင့်တော်ပါတယ်.... နိုင်ငံရေးလမ်း ကြောင်းထဲကို ပြန်ဝင်လာဖို့လမ်းကြောင်းတွေ မတင်ကြပါနဲ့- နိုင်ငံရေးလမ်းကြောင်းထဲပြန်ဝင်လာဖို့   အရေးအသားတွေမရေးသားကြဖို့ ဒီနေရာကနေမေတ္တာရပ်ခံပါရစေ..ဒါကြောင့်.... အနာဂတ်မြန်မာ နိုင်ငံရေးလောကမှာ  လာမနွယ်ဖို့  လာမပက်သက်တော့ဖို့  သက်ဆိုင်သူကိုရော....သက်မဆိုင်သူ တွေကိုရော အသိပေးကြေငြာမောင်းခတ်လိုက်ပါရစေ..။
( အားလုံးကို လေးစားလျှက်....ကိုဗလိုင် )
 Ref://  Ko Baloi on Saturday, January 14, 2012 on facebook မှဖော်ပြပါသည်...

Sunday, January 1, 2012

နှုတ်ဆက်ပါသည်၊ ကြိုဆိုပါဧ။်
" ဒေါက်..ဒေါက်....ဒေါက်.."
အိပ်ချင်မူးတူးနဲ့ တံခါးတချပ်ဆွဲဖွင့်ပေးလိုက်မိတရ်
မဖိတ်ခေါ်ဘဲ ရောက်နှင့်လာပြီးပဲ
ညကအတွေးတွေ တဒါဇင်ကျော်နဲ့ အတူအိပ်ရာဝင်ဖြစ်ခဲ့လို့ပါ...
ကိုယ်နေတဲ့အခန်းလေးထဲ တချက်ပြန်ဝေ့ကြည့်လိုက်မိတရ်
နှုတ်မဆက်ဘဲ ထွက်ခွါသွားပြီးပေါ့
ညတုန်းကဘဲ အတူအိပ်ရာဝင်ခဲ့ပါသေးတယ်...
ငါကိုဘာတွေနဲ့ အတူထားရစ်ခဲ့ပြီးလဲ
ငါချစ်ခင်ရတဲ့ သူတွေကိုလွမ်းဆွတ်ရတဲ့ ဝေဒနာတွေလား....
အထီးကျန်မှု ရသတွေလား...
မွန်းကျပ်သော ခံစားမှုတွေလား....
သေချာတာတော့ တချို့အချိန်တွေကို
ရုန်းကန်လှုပ်ရှားရင်း ဖြတ်သန်းခဲ့ရတာတွေပါဘဲ.....
နှုတ်ဆက်ကြ ၊ ကြိုဆိုကြ
ဘယ်သူတွေက ပြဌာန်းခဲ့တဲ့ ဂါရဝတရားလဲ
ငါကိုယ်တိုင်လဲ ပျော်ဝင်ခံစားနေမိပါရဲ့......
ကောင်းခြင်းတွေကိုဘဲ မျော်လင့်မိတာ
လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးပါ...
အော် လူတိုင်းအပြောင်းအလဲတွေကိုဘဲ တမ်းတနေမိပါရဲ့
(ကျွန်တော်အပါအဝင်)
" We can change..." လို့
ကြားကောင်းအောင်အော်ဟစ်နေကြလေရဲ့
ဘယ်အတိုင်းအတာထိ တပ်မက်နေမိတာလဲ
ဘယ်လောက်ထိလုပ်နိုင်စွမ်း ရှိကြမလဲ....
ခေါက်ရိုးကျိုးပြီး မှိုတက်နေတဲ့ စကားလုံးတွေနဲ့
ငါ့ကို ချွေးမသိပ်ပါနဲ့...
ပန်းတစ်ပွင့်နဲ့ဖုံးအုပ်ထားတဲ့ ဓါးတစ်လက်နှင့်
ငါ့နောက်ကျောကို မချိန်ရွယ်ထားပါနဲ့....
လုပ်ချင်ရာလုပ်ပြီးမှ အာဃတတွေကို ခဝါချလိုက်ပါတဲ့
ဘဝဆိုတာ ရိုက်ကွင်းတခုမဟုတ်ဘူး
မျက်ရည်ပြဇတ်တွေနဲ့ ငါ့နှလုံးသားကို
ဖမ်းစားဖို့ မကြိုးစားပါနဲ့
တစ်ခုတည်းရှိတဲ့ ငါ့ရင်ဘတ်နဲ့ ရင်းနှီးခဲ့၇တာတွေပါ...
"အပြုသဘောဆောင်ပါ " တဲ့
မွေးကတည်းက မျိုသိပ်မူနဲ့ ပေးဆပ်ဖို့ဘဲလား....
ခွင့်လွတ်ခြင်းနဲ့ နားလည်မှု့ကတိုက်ရိုက်အချိုးကျတယ်ဆိုရင်
ပေးဆပ်ခြင်းနဲ့ အသိအမှတ်ပြုမှု တခုကိုလည်း
ပြောင်းပြန်အချိုးကျစေချင်ပါတယ်....
စာကြွင်း။ ။မစားရကြာပြီဖြစ်တဲ့ အမေ့လက်ရာကိုလည်း လွမ်းတရ်....
ခွဲခွါနေရတဲ့ လူတွေကိုလည်း လွမ်းတရ်....
မတွေ့တာကြာတဲ့ လူတွေကိုလည်း သတိရတရ်...
ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့
ပျော်စရာအချိန်တွေကိုလည်း ပြန်တမ်းတမိတရ်.....
* တွေ့ချင်တဲ့သူရဲ့ အနားကိုလည်း အရောက်သွားချင်တရ်..!
( ရင်းတွင်းဖြစ်မဟုတ်ပါ ၊ ရင်ဘတ်ထဲကလာတာပါ...ကိုယ်တိုင်ရေးပြီး
မနည်းပြန်ဖတ်ယူရတယ်....)
ရေးသားသူ - အောင်ဇော်@AUNGZAW