Pages

Saturday, December 31, 2011

သူမဆီသို့

In my heart, In my blood, In my dream ....
you still the only one...!
It's my destiny , my philosophy......

" ဒီဇင်ဘာအချစ်..."

နှင်းတွေတဖွဲဖွဲ ခုန်ပေါက်မြှုတူးတဲ့ ရာသီတခု
အိမ်မက်ထဲမှာပါ...( တကယ်တော့ ကျွန်တော်ရှိတဲ့အရပ်မှာ နှင်းတွေမကျပါ)
သူမနဲ့စတွေ့ခဲ့တယ် မကြာသေးတဲ့ အချိန်တွေကပေါ့.....
သူမက ပြောတယ်
" အချိန်ဆိုတာ လူတွေရဲ့ ကန့်သတ်မှုတခုတဲ့ "
ကျွန်တော်တို့နှစ်ဦးရဲ့ ရင်ခုန်သံစည်ချက်တွေက
ထပ်တူကျလို့.......
လူချင်းကတော့ သူမပြေနေကျလို
ပဲခူးနဲ့သန်လျင် ဝေးနေသလိုပါဘဲ.........
သို့တစေလည်း...
ကျွန်တော်တို့နှစ်ဦးသားရဲ့ ရင်ဘတ်တွေက
မြုမှုန်စာလောက်တောင် မဝေးကြဘူးလေ ချစ်သူ....
တကယ်တော့
မင်းနဲ့ ငါဟာ အဖြူရောင်တိမ်တိုက်တွေရဲ့ အောက်မှာ
အတူတူရှင်သန်ခွင့်ရနေကြတာပါ.....
အဖြူရောင် ရိုးသားမှုတွေ...
အဖြူရောင် သံယောဇဉ်တွေ...
အဖြူရောင် အနာဂတ်တွေနဲ့.....
အဖြူရောင် ..........
( မှတ်ချက်။ ။ ခေါင်းစဉ်လေးကိုတော့ သူမကဘဲ မွေးဖွါးပေးခဲ့တာပါ )
Written by AUNGZAW
" အဖြူရောင် စာရေးဆရာမလေးသို့....."
အဖြူရောင် ဒီဇင်ဘာမြုနှင်းတွေ
ကျဆင်းလို့ ချစ်သူ
မင်းရှိတဲ့ အရပ်မှာပေါ့....
အဖြူရောင်ဆောင်းနှင်းတွေဆိုတာ
ငါရှိတဲ့ အရပ်မှာတော့
ငါနှင့်မဆိုင်သလို
သို့တစေလည်း.......
ငါတို့နှစ်ယောက်ရဲ့ အိမ်မက်တွေထဲမှာ
ဒီဇင်ဘာ မြူနှင်းတွေဟာ
ငါတို့နှလုံးသွေးတွေ လည်ပတ်စီးဆင်းနေသရွေ့
အဖြူရောင် သံယောဇဉ်တွေ အဖြစ်နဲ့
ဝေနေမှာပါ.......
ငါတို့နှစ်ယောက်ရဲ့ ရှင်သန်မူတွေ
မိုင်ထောင်ချီ ဝေးနေပေမရ့်
ငါတို့နှစ်ယောက်ရဲ့ ရပ်တည်မူတွေ
အရှေ့ နဲ့ အနောက် ဆန့်ကျင်နေပေမရ့်
ငါတို့ရဲ့ ရင်ဘတ်တွေ
ထပ်တူကျနေမှာပါ ချစ်သူ......
အချိန်တိုင်းလည်း သတိမရနေစေချင်ဘူး
အမြဲတမ်းလည်း မလွမ်းနေစေချင်ဘူး
မင်း နာကျင်ပင်ပန်း နေရမှာစိုးလို့ပါ ချစ်သူ........
( Written by AUNGZAW )

စာရေးဆရာမလေးရဲ့ မွေးနေ့လက်ဆောင်

Happy Birthday Ko Lay ! on facebook ( December 26)

ဆရာမလေးရဲ့ လက်ဆောင်

  1. " For u ! I think look like u ! " — with လမင်းငယ် 
  2. ( December 21 on facebook)

Saturday, July 26, 2008

ချစ်သောမြန်မာပြည်ကျောင်းရဲ့ဒုတိယအကြိမ်ဝါဆိုသင်္ဃန်းကပ်လှုပွဲ






DEAR BURMA Program School ရဲ့ဒုတိယအကြိမ်မြောက်(၂၀၀၈) ၀ါဆိုသင်္ဃန်းကပ်လှုပူဇော်ပွဲအခမ်းအနား ကို ဗန်ကောက်မြို့၊ Rechathewi ရှိအဆိုပါကျောင်းဝင်းအတွင်း ၂၀.၇.၀၈ - တနင်္ဂနွေနေ့ကကျင်းပခဲ့ပါတယ်။ ဦးစွာ ၀တ်ရွတ်မောင်မယ်များရဲ့ ဓမတေးများနှင့်အခမ်းအနားကိုစတင်ပြီး မြန်မာဘုန်းတော်ကြီး ၅-ပါး ၊ ယိုးဒယားဘုန်းတော်ကြီး ၅-ပါးတို့ကိုနေ့ဆွမ်းဆက်ကပ်လှုဒါန်းကြပါတယ်။ ယင်းနောက်ယိုးဒယားဘုန်းတော်ကြီး မှတရားတော်များကိုဟောကြားတော်မူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြပါတယ်။ အခမ်းအနားကိုတက်ရောက် လာကြတဲ့ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်ဧည့်သည်တော်များကို မြန်မာမုန့်ဟင်းခါး၊ မုန့်ပဲ သရေစာများနှင့်ဧည့်ခံကျွေးမွေးပါတယ်။ဆက်လက်ပြီးနေ့လည်ပိုင်းမှာတော့သံဃာဦးသျှောင်အဖွဲ့၊စည်းရုံးရေးမူး (ထိုင်းနိုင်ငံ) ၊ ဆရာတော်ဦးဇောတိ(ဗုဒ္ဒဘာသာ၊ချုလာလောင်ကွန်းတက္ကသိုလ်မှတရားတော်များကိုဟောကြား ခဲ့ပါတယ်။ပြီးနောက်အခမ်းအနားကိုတက်ရောက်လာကြတဲ့ကျောင်းအုပ်ဆရာကြီး၊ဆရာ၊ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊၀တ်ရွတ်မောင်မယ်များနှင့်ဧည့်သည်တော်များစုပေါင်းပြီး အမှတ်တရမှတ်တမ်းတင် ဓါတ်ပုံရိုက် ကြပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ပါတယ်။ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီးနှင့်ဆရာများ၊ကိုယ်တိုင်ကိုယ်ကျအဘက်ဘက်မှဦးဆောင်ပါဝင်ခဲ့ကြသောDEAR BURMA Program School ရဲ့ အလင်းရောင်-စာကြည့်တိုက်ဝိုင်းတော်သူ၊၀ိုင်းတော်သားများနှင့် ကျောင်းသား၊ ကျောင်းသူများအား လည်းကောင်းမှတ်တမ်းတင်အပ်ပါသည်။ ။


Saturday, July 19, 2008

အာဇာနည်သူရဲကောင်းများကိုလေးစားစွာအလေးအမြတ်ပြူပါသည်။



အဖြူရောင်တိမ်တိုက်များကိုမွေးဖွားခြင်း

အဖြူရောင်တဲ့
တကယ်ကိုဘာ COLOUR မှမပါတဲ့အဖြူရောင်ပါ.......
ဘာ COLOUR မှမမြင်ရလို့လား...........
ကျွန်တော်ကိုယ်၌ကလည်းဘာ COLOUR ကိုမှ
မခြယ်မှူန်းတတ်သေးလို့လား..........
CRAZY နှင့် GRAY ဆိုတာ
ဧဒင် လက်ထက်တုန်းကလိုပါဘဲလား.........
PINK COLOUR ဆိုတာကရော
ကယ်လီယိုပတ်ထရာ လက်ထက်ရောက်တော့
ရိပ်တိတ်တိတ်ရှိခဲ့ပြီးလား..........
ရိုမီယို နှင့် ဂူလီယက်(စ်) တို့ကြပြန်တော့
အဖြူရောင်ဆိုတာ အနက်ရောင်တွေအဖြစ်
သေချာသွားခဲ့ကြလေသလား.........
ကျွန်တော်နှင့်သူမ တို့လက်ထက်မှာတော့
အဖြူရောင်တွေဟာ........
တိမ်တိုက်တွေအဖြစ်နှင့် ဝရုန်းသုန်းကား
သည်းထန်စွာ ပြိုဆင်းခဲ့ကြလေတော့တရ်.........
အောင်ဇော်ဦး ( ၁၉.၇.၂၀၀၈ )