Pages

Wednesday, June 13, 2012

လူမျိုးရေး၊ဘာသာရေးနဲ့ဒီမိုကရေစီ

မြန်မာနိုင်ငံသားများ(ဗုဒ္ဒဘာသာ၊
အစ္စလာမ်၊ခရစ်ယာန်၊ဟိန္ဒူ)သည် မေတ္တာတရားကြီးမားသည်ဆိုခြင်းကို ပြသကြပါ၊ လူသားခြင်းစာနာပါ၊ လူ့အခွင့်အရေးများကို တန်ဖိုးထားပါ၊ လူသားဖြစ်တည်မှု့များကို လက်ခံပေးကြပါ၊ မလေးရှားနိုင်ငံကို အတုယူသင့်သည်။ အဘယ်ကြောင့်ဆိုသော် မလေးရှားသည် အစ္စလာမ်နိုင်ငံဖြစ်သော်လည်း မလေး၊ တရုတ်၊ ဟိန္ဒူ၊တို့ လွပ်လပ်စွာ ကိုးကွယ်ကြသည်။ ဒါဆိုလျှင် မလေး အစ္စလာမ်များလောက် မြန်မာ ဗုဒ္ဒဘာသာဝင်များ သဘောထားမကြီးနိုင်ကြဘူးလား၊ မေတ္တာတရားမရှိကြဘူးလား၊ လူသားချင်း မစာနာတတ်ကြဘူးလား၊ စဉ်စားကြစေလိုပါသည်၊ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေပါသည် (မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ) ကို ဂုဏ်သိက္ခာကျဆင်းစေပါသည်။ ထိုင်းနိုင်ငံတောင်းပိုင်းတွင်း ခွဲထွက်သူပုန်များအရေးသည် ထိုင်းနိုင်ငံအခြားပြည်နယ်နှင့်တိုင်းများ(ဒေသများ) သို့ ပြန်နှံ့ခြင်းမရှိပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအနေနဲ့ အိမ်နီးချင်းနိုင်ငံများကို အနီးဆုံလေ့လာစေလိုပါသည်။ အိမ်နီးချင်းနိုင်ငံများရဲ့ နိုင်ငံသားများသည် ကျွန်ုပ်တို့ရဲ့ ပြုမူဆောင်ရွက်မှုများနဲ့ နေပုံထိုင်ပုံများကို အမြဲလေ့လာနေ၊ ကြားသိနေရပါသည်။ အဘယ်ကြောင်ဆိုသော် ကျွန်ုပ်တို့ ၏ အိမ်နီးချင်းနိုင်ငံများသည် ကျွန်ုပ်တို့ထက် များစွာ မီဒီယာအားကောင်းပြီး၊ လူထုဆက်သွယ်သွယ်ရေးစနစ်များ လွန်စွာမှကောင်းမွန်လှပါသည်။ လူမှု့အခြေပြုအဖွဲ့အစည်းများလည်း အင်အားကောင်းလှပါသည်။ စီပွါးရေးယန္တရားများလည်း ကျွန်ုပ်တို့ထက်များစွာတိုးတက်ပါသည်။ အမှန်တော့ အာဆီယံနိုင်ငံများသည် လူ့အခွင့်အရေးတွက် များစွာရုန်းကန်နေရဆဲ အဆင့်တွင်သာရိုသေးပါသည်။ ကျွန်ုပ်တို့ နိုင်ငံတွင်တော့ လူမျိုးရေး၊ဘာသာရေး အခွင့်အရေးများ ရုန်ကန်နေရဆဲ အဆင့်ကနေ မတတ်နိုင်သေးပါ၊ သို့ ဆိုလျှင် အခြားသောအဆင့်များကို ဘယ်အချိန်တွင် စတင်ဆောင်ရွက်ကြပါမည်နည်း။ အထူးစဉ်းစားကြစေလိုပါသည်။
Written by - အောင်ဇော်(whitecloud)

No comments:

Post a Comment

တစုံတရာထားခဲ့တဲ့အတွက် ကျေးဇူးပါ ..မိတ်ဆွေ