1. ပိုက်ဆံပေးပြီး အစားအသောက်တွေ (Food) ကို မင်းဝယ်လို့ရလိမ့်မယ်၊ စားချင်စိတ် (Appetite) ကို ဝယ်လို့မရဘူး။
2. ပိုက်ဆံပေးပြီး ဟာသတွေ (Fun) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
ပျော်ရွှင်ခြင်း (Joy) ကို ဝယ်လို့မရဘူး။
3. ပိုက်ဆံပေးပြီး အပေါစားမိန်းမတွေ အများကြီး ကို မင်း ဝယ်နိုင်လိမ့်မယ်၊
မေတ္တာတရား (Love) ကို ဝယ်လို့မရဘူး။
4. ပိုက်ဆံပေးပြီး ဆေးဝါးပစ္စည်းတွေ (Medicine) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကျန်းမာခြင်း (He...alth) ကို ဝယ်လို့မရဘူး။
5. ပိုက်ဆံပေးပြီး စာအုပ်တွေ အများကြီး (Books) ကို
မင်းဝယ်လို့ရလိမ့်မယ်၊ အသိပညာ (Knowledge) ကို ဝယ်လို့မရဘူး။
6. ပိုက်ဆံပေးပြီး အိမ် ဆိုတဲ့ အဆောက်အဦး (House) ကို မင်းဝယ်လို့ရလိမ့်မယ်၊
ကိုယ့်မြေ ကိုယ့်ရေနဲ့ ရှင်သန်ရာ ဘဝ အိမ် (Home) ကို ဝယ်လို့မရဘူး။
7. ပိုက်ဆံပေးပြီး အိပ်ယာ အကောင်းစားတွေ (Bed) ကို မင်းဝယ်နိုင်လိမ့်မယ်၊
ချိုမြိန်စွာ အိပ်စက်ခြင်း (Sleep) ကို ဝယ်လို့မရဘူး။
8. ပိုက်ဆံပေးပြီး အရေးပါတဲ့ နေရာတစ်နေရာ (Position) ကို မင်းဝယ်လို့ရလိမ့်မယ်၊
လေးစားမှု (Respect) ကို ဝယ်လို့မရဘူး။
9. ပိုက်ဆံပေးပြီး ဖိတ်ဖိတ်တောက်နေတဲ့ အဖိုးတန် ပစ္စည်းတွေ (Glitter)ကို မင်းဝယ်လို့ရလိမ့်မယ်၊
လှပ တင့်တယ်မှု (Beauty) ကို ဝယ်လို့မရဘူး။
10. ပိုက်ဆံပေးပြီး နာရီ (Clock) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
အချိန် (Time) ကို ဝယ်လို့မရဘူး။
11. ပိုက်ဆံပေးပြီး ဂြိုဟ်တုတစ်လုံး (Satellite) ကို မင်း ဝယ်လို့ရလိမ့်မယ်၊
နည်းပညာ (Technique) ကို ဝယ်လို့မရဘူး။
12. ငွေကြောင့် အသိအကျွမ်းတွေ အများကြီး (Acquaintances) မင်း ဖန်တီးနိုင်လိမ့်မယ်၊
မိတ်ဆွေစစ်တွေ (Friends) ကို ဝယ်လို့မရဘူး။
13. ငွေကြောင့် အချွေအရံတွေ အများကြီး (Servant) မင်း ထားနိုင်လိမ့်မယ်။
သစ္စာရှိမှု (Faithfulness) ကို ဝယ်လို့မရဘူး။
14. အနားယူချိန်တွေ၊ အားလပ်ချိန်တွေ (Leisure) ကို မင်း ဝယ်လို့ရချင် ရလိမ့်မယ်။
ငြိမ်းချမ်းခြင်း (Peace) ကို ဝယ်လို့မရဘူး။
15. အဖြစ်ပျက် ဟောင်းတွေကိုသတိမရအောင် ခေတ်သစ် တစ်ခု (New Age) ကို မင်း ဝယ်နိုင်လိမ့်မယ်၊
လုံးဝ မေ့ပျောက်ခြင်း (forgets) ကို ဝယ်လို့မရဘူး။
16. ငွေပုံပေးပြီး လူသတ်ခိုင်းလို့ရတယ်၊
အသက်တစ်ချောင်းကို ငွေပုံပေးပြီး ပြန်ရှင်အောင်လုပ်လို့မရဘူး။
17. ငွေပုံပေးပြီး အရှက်ကွဲအောင် လုပ်လို့ရတယ်၊
အရှက်တကွဲ အကျိုးနည်း ဖြစ်သွားပြီးရင်တော့ ငွေပုံပေးပြီး သိက္ခာဆည်လို့မရဘူး။
18. ငွေပုံပေးပြီး မလုပ်ဖြစ်အောင် မင်း တားနိုင်လိမ့်မယ်၊
လုပ်ပြီးသွားရင်တော့ ပကတိအတိုင်းဖြစ်အောင် ပြန်ကာလို့မရဘူး။
19. ငွေပုံပေးပြီး အကောင်းပြောခိုင်းလို့ ရလိမ့်မယ်၊
အကောင်းမြင်ခိုင်းလို့မရဘူး။
20. လောကတွင် ငွေရလျှင် ဘာမဆိုလုပ်မည်၊ အရာအားလုံး ရင်းနိုင်သည်ဟူသောသူ နှစ်မျိုးသာရှိတယ်။
(1) တစ်မျိုးမှာ မွေးကတည်းက သူများသုံးသလို မသုံးရပဲ သူများသုံးသလို သုံးချင်သူ။
(2) အသိပညာ နှင့် အတတ်ပညာ နည်းပါးပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားချင်သူ။
Monday, April 16, 2012
Sunday, February 26, 2012
မြန်မာတို့ရဲ့ ပထမဆုံးများ
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း ( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆေ
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၈။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၁၉။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၀။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၁။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၃။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၄။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၅။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၆။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၇။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၈။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၂၉။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင် ၃၀။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၁။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၂။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၃။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၄။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၅။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမ ပျဉ်းမနား ဒေါ်ပု
၃၆။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ ၃၇။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၈။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၃၉။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်
၄၀။ ပထမဆုံး မြန်မာ့???????
Sunday, February 12, 2012
ငါတို့ရဲ့ အနာဂတ်နှင့် ငါတို့ရဲ့လက်များ
NOTHING IMPOSSIBLE....မဖြစ်နိုင်ဘူးဆိုတာ မ၇ှိပါဘူးဗျာ...ရှေ့လျှောက် လည်း
ကျွန်တော်တို့အားလုံးဟာ ကျွန်တော်တို့ အားလုံးရဲ့ ရသင့်ရထိုက်တဲ့မှန်သမျှ
အခွင့်အရေးတွေကို ဆက်လက်တောင်းဆို လှုပ်ရှားသွားရအုံးမှာပါဘဲ.. .တကယ်တော့ ကျွန်တော်တို့က အခုမှစတင်အသက် ဝင် လာကြရုံဘဲ ရှိကြသေးတာပါ....အနည်းဆုံးေ တာ့
အိမ်နီးချင်း နိုင်ငံတွေက ပြည်သူတွေလို ကိုရဲ့ ရသင့်ရထိုက်တဲ့
အခွင့်အရေးမှန်သမျှ တောင်းဆိုတတ်ရမယ် (စည်းကမ်းတကျ)
..တောင်းဆိုပိုင်ခွင့်ရှိတာ ကိုလည်း လူထုအားလုံး နားလည်အောင်ရှင်းပြရမယ်..." လူတဦးဟာ မွေးရာပါ လူသားဖြစ်တည်ခွင့်၊ လူသားတဦးရဲ့ အခြေခံရသင့်ရထိုက်တဲ့ အခွင့်အရေးတို့အပြင် ခေတ်နဲ့အညီလိုအပ်တဲံ့ နိစ္စှဓူဝ လိုအပ်ချက်အခွင့်အရေး မှန်သမျှကိုလည်း တောင်းဆိုတတ်ရမယ်.....ဒါမှကျွန်တော်တို့နှင့်တကွ ကျွန်တော်တို့အားလုံးရဲ့ မျိုးဆက်သစ်တွေဟာ ကိုယ့်ကြမ္မာနှင့် ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်လာ လိမ့်မယ် ...တချိန်တုန်းက ကျွန်တော်တို့ရဲ့ ဘိုးဘေတွေ လမ်းညွန်ခဲ့သလိုပါဘဲ ....ကျွန်တော်တို့က " သခင်မျိုး " တွေပါ...တိုင်းတပါးရဲ့ ကျွန်ဘဝ ကိုမကြိုက်သလို၊ ကိုယ့်လူမျိုးအချင်းချင်းရဲ့ လက်ဝါးကြီးအုပ် မျက်လုံးပိတ် ပုံစံခွက်ထဲ ထည့်ထားတဲ့ အဖြစ်မျိုးတွေကိုလည်း မလိုချင်ကြတော့ပါဘူး.. ကျွန်တော်တို့ အားလုံးရဲ့ လွတ်လပ်စွာ ပျံသန်းနိုင်မူတွေဟာ ကျွန်တော်တို့အားလုံးရဲ့ လက်တွေထဲမှာဘဲရှိရမယ်...
ရေးသားသူ - အောင်ဇော်(AUNGZAW)
ရေးသားသူ - အောင်ဇော်(AUNGZAW)
Sunday, February 5, 2012
စုပ်လည်း စုပ်နိုင်ကြပါပေတယ် ( ဂုတ်သွေး )
ဖုန်းကိစ္စ ရင်ဖွင့်သံ
ဒီမှာ ဗမာပြေမှာ လူပေါင်း သန်၇၀ လောက်ရှိမှာပေါ့၊ GSM SIM ကဒ်
အလကားပေးတယ်ဆိုရင် အားလုံးယူကြမှာထားပါတော့ သန်း၄၀ယူမယ်လို့ပဲ ထားပါတော့
အဲဒီ GSM SIM ကဒ် သန်း ၄၀ က တစ်ရက်ကို တစ်မိနစ်စီပဲ Local ဖုန်းပြောအုံး
လက်ရှိ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေးနှုန်းထား အတိုင်းတွက်ကြည့်ရင် တစ်မိနစ် ၅၀ X သန်း ၄၀ = မြန်မာကျပ်ငွေ သန်းနှစ်ထောင် (နှစ်ဘီလီယံ) အားပါးပါး
ကဲ ပျမ်းမျှ တစ်ရက် ၂၄ နာရီ ထဲက မိနစ် ၂၀ စီ (၂၄x၆၀/၂၀=၇၂၊ မိနစ်၂၀ ဆိုတာ တစ်နေ့တာရဲ့ ၇၂ပုံတစ်ပုံပါ) ဖုန်းပြောတယ်ဆိုပါဆို့
လက်ရှိ တစ်မိနစ် ၅၀နှုန်းနဲ့ ဆို တစ်ရက်ဝင်ငွေဟာ ကျပ်ငွေသန်းပေါင်းလေးသောင်း = ကျပ်လေးဆယ်ဘီလီယံ = အမေရိကန်ဒေါ်လာ သန်း၅၀ပေါ့
တစ်နှစ်စာတွက်ကြည့်ရအောင် = သန်း၅၀ x ၃၆၅ = အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၈၂၅၀ = အမေရိကန်ဒေါ်လာ ၁၈.၂၅ ဘီလီယံပေါ့
... အလဲ့ အင်မတန် ကိုက်တဲ့ စီပွားရေးပါလား
ဒီလိုပြောကြည့်မယ်နော် ဆင်းကဒ် သန်း ၄၀ ကို အလကားပေး၊ ဖုန်းပြောခကို ၅၀ နဲ့ပဲ တစ်နှစ်လောက်ဆက်ကောက် ပါ ပေါ့
ဟုတ်တယ်ဟုတ်၊ တစ်နှစ်ကို ဒေါ်လာ ၁၈.၂၅ ဘီလီယံ ၀င်မယ့် ကိစ္စနော်၊
ဖုန်းသန်းလေးဆယ် အတွက် အင်ဖရာစရွက်ချာ ခေါ်တဲ့ လိုအပ်တဲ့ အိန်ချိန်းတို့ ဂိတ်ဝေးတို့ကို ကြီးကြီးကျယ်ကျယ် လျောက်ပြောမနေပါနဲ့
(နမူနာပြောတာနော်) ကျနော့်ကိုသာလုပ်ပိုင်ခွင့်ပေြး ကည့်၊ အဲဒီလုပ်ပိုင်ခွင့်လက်မှတ်ယူပြီး တစ်ကမ္ဘာလုံးက Investment & Developement Bank တွေ လျောက်ပြမယ်
အဲဒီအတွက် တစ်နှစ်အတိုး ပြားစွန်းလေးနဲ့ ငွေချေးချင်တဲ့သူတွေ တစ်ပုံတစ်ပင်ကြီး အရေးကြီးတာက လုပ်ပိုင်ခွင့်လေ လုပ်ပိုင်ခွင့် ဟဲဟဲ
နောက်တစ်နည်းက ဆင်းကဒ် သန်း၄၀ ဆို ဟန်းဆက်သန်း၄၀ လိုလာမယ်၊ ဟန်းဆက် သန်းလေးဆယ် ရောင်းချင်တဲ့ ကုမ္ပဏီတွေ ဒီကိုလာ၊
အဲဒီရောင်းခွင့်အတွက် အိတ်ချိန်းတွေ ဂိတ်ဝေးတွေ ကော်နက်ရှင်တွေ ဖရီးလုပ်ပေးရမယ်လို့သာပြောလိုက် ၊ အပြေးအလွှားကိုလာကြမှာ မြင်ယောင်သေး
မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး
က အင်ဂျင်နီယာဂျီးတို့ရယ် ဆက်သွယ်ရေးကို ခင်ဗျားတို့ တစ်ယောက်ထဲ သိတယ်လို
ထင်ပြီး ဖင်ဂေါင်းမကျယ်ကြပါနဲ့ (ကျုပ်လဲ အင်ဂျင်နီယာပါဗျ အာအိုင်တီက
အင်ဂျင်နီယာပါဗျ) တိုင်းပြည်ကို ဖျက်ဆီးတဲ့နေရာမှာ အုတ်တစ်ချပ် သဲတစ်ပွင့်
အဖြစ် မပါမိကြပါနဲ့ မြန်မာ့(ဂုတ်သွေးစုပ်)ဆက်သွယ်ရေး က အင်ဂျင်နီယာဂျီးတို့ရယ် အဟက်ဟက်
(ဒါနဲ့ လက်ရှိ တစ်ရက်ဖုန်းပြောနေတဲ့ နှုန်းကလဲ မနဲဘူးနော် ၊ လက်ရှိကိုပဲ တစ်ရက် ကို ဘယ်လောက်ငွေဝင်နေလဲ မသိဘူး
တစ်ခါသုံးဖုန်းဆိုပြီး ထွင်ရောင်းတာလဲရှိသေး၊ တစ်ခါသုံးကဒ် GSM က သုံးသန်း နဲ့ CDMA က နှစ်သန်းလောက် ရောင်းပြီးပြီကြားတယ်
ဒီမှာတင် 3000000x20 + 2000000x50 = အမေရိကန်ဒေါ်လာ သန်း ၁၆၀ လောက် သာသာလေး ကယ့်ယူသွားပြီ
By: Tin Nwe
၉၄ ရာခိုင်နှုန်းသော ပြည်သူများကို ငဲ့ညှာပါ
ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်း
ဥပဒေနှင့်ပဲ ကိုင်ပေါက်သူကပေါက်၊ ဆင်းမ်ကတ်ဆိုတာတော့ ပေါတာပေါ့ (ခုကျမှ)၊
အရေးကြီးတာက နက်ဝပ် . .. နက်ဝပ်တွေဆောက်ရတာလွယ် မှတ်လို့ဟု ငေါက်ငမ်းသူက
ငေါက်ငမ်း . . . ဂြိုဟ်တုမရှိလို့ ဒီလိုဈေးကြီးနေရတာလို့ အကြောင်းပြသူကပြ …
ငါတို့ နက်ဝပ်ကို မဖြတ်ဘဲ ဒင်းက ဘယ်ကဖြတ်မှာတဲ့လဲ … လုပ်ကြည့်စမ်းပါ ဟု
မာန်သူကမာန် .. နည်းပညာကို လွှဲချသူကချ ..
သေချာတာကတော့ ဒီသတင်းအပေါ်
အလွန်ပင်ဝမ်းသာလှိုက်လှဲစွာ ကြိုဆိုကြသော အများပြည်သူကြီးက တစ်ဖက် …
အကျိုးစီးပွားတွေ၊ အခွင့်အာဏာတွေနှင့် လုပ်ပိုင်ခွင့်တွေ
ကိုင်လှုပ်ခံရတော့မလို အလန့်တကြား ငြင်း ဆန်ကန့်ကွက်သံတွေ ထွက်လာတာတွေက
တစ်ဖက်

ယခု တိုင်အောင်ပင်လျှင် ဥပဒေအရ တို့ကလွဲရင်/တို့ခွင့်ပြုထားသူကလွဲရင် ဘယ်သူမှ လုပ်ခွင့်မပေး... ကြိုးဖုန်းများ အရစ်ကျစံနစ်နှင့် ရောင်းပေးမည်။ ဈေးနှုန်း ကတော့ ခြောက်သိန်းခွဲ (ဒေါ်လာရှစ်ရာခန့်) ဆိုတာမျိုး နှင့် အဘယ်ပြင်ပရင်းနှီးမြှုပ်နှံမှုမျိုးကို သူများနှင့်ယှဉ် ၍ ကြိုဆိုနိုင်ပါမည်နည်း... Messenger Journal Vol.2 No.38 Suppl...ement A ပါဆောင်းပါး ၉၄ ရာခိုင်နှုန်းကို စာနာပါ အဆိုးမြင်သူတစ်ယောက် မဟုတ်သည့်တိုင် ငါးထောင်ဖုန်းသတင်း စကြားလိုက်သည်နှင့် ဘယ်လိုတုန့်ပြန် သံတွေ ထွက်လာမလဲဆိုတာ မှန်းဆမိခဲ့ပါသည်။ အများပြည်သူတွေက ကြိုဆိုကြသည်။ ကမ္ဘာ့အမြင့်ဆုံး ဆင်းမ်ကတ်ပေါက်ဈေးနှင့် ၀ယ်သုံးခဲ့ရပြီး (အလွန် အတ္တကြီးသူတချို့ကလွဲလျှင်) ဖုန်းရှိနှင့်ပြီးသူတွေကလည်း မုဒိတာ ပွားကြသည်။ မယုံနိုင်ကြသော်လည်း အဲဒီအ တိုင်း ဖြစ်လာပါစေဟု ပြောကြဆိုကြသည်။ မဟာအခွင့်ထူး ရခဲ့ဖူးသူတို့ဘက်ကလည်း ချက်ချင်းအသံထွက်လာသည်။ ဒီဈေးနှင့် ဘယ်လိုမှမဖြစ်နိုင်တဲ့။ ဥပဒေအရ ချုပ်ကိုင်စီမံထားသူတို့ဘက်ကလည်
Sunday, January 22, 2012
၅၀၀၀ တန်ဆင်းမ်ကဒ် ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းတောင်းဆို ကြပါစို့
ဘယ်လိုလဲ ...ဘယ်လဲ သမ္မတကြီးဦးသိန်းစိန်နှင့်
အစိုးရအဖွဲ့ဝင်များ...နိုင်ငံတော်နှင့်နိုင်ငံသားတွေကို
စေတနာတရားကြီးမားလှပါပြီးဆို.......လက်တွေ့ပြချိန်ရောက်နေပါပြီး....မလုပ်နိုင်တဲ့သူများ
(ဆက်သွယ်ရေးဝန်ကြီး နှင့် အပေါင်းပါများ ) ကျေးဇူးပြုရု " ကဖျက် ရဖျက်"
တော့မလုပ်ကြပါနဲ့....လုပ်နိုင်တဲ့သူများကို လမ်းဖွင့်ပေးလိုက်ကြပါ...
" လှည်းဘီးနွံထဲ ကျွံနေသည် နိုင်ငံသားတိုင်းကူရု တွန်းပေးကြပါ "
" လှည်းဘီးနွံထဲ ကျွံနေသည် နိုင်ငံသားတိုင်းကူရု တွန်းပေးကြပါ "
ကျွန်တော်တို့ရဲ့ အိမ်နီးချင်း၊ လူဦးရေထူထပ်များလည်းများ ဆင်းရဲပါတယ်ဆိုတဲ့ ဘင်္ဂလားဒေရှ့် မှာတောင် ကျွန်တော်တို့ထက်ကို ဘာကြောင့်လူတိုင်းဖုန်းကိုင်နေနိုင်ရတာလဲ...
http://www.facebook.com/5000SimCard?sk=friendactivity#!/5000SimCard
အောင်ဇော် ရေးသားသည် ။
Wednesday, January 18, 2012
ငါတို့ရဲ့ အနာဂတ်တွေ ပြန်ပေးလှည့်ပါ
ဆေးတခွက်ကို အားပါးတရ မော့သောက်ပြီးမှ
အဆိပ်မှန်းသိရတဲ့ အဖြစ်ကိုလည်း
ငါတို့တခါပြန်မလိုချင်ဘူး.....
ချောက်တခါ၊ ချော့တလှည့်
အပေါ်ယံ သကာရည်သုတ်လိမ်းထားတဲ့
စကားလုံးတွေနဲ့လည်း
ထပ်ပြီးမလှည့်ဖျားပါနဲ့တော့...
ကယ်တင်ရှင်ကြီး အဖြစ်နဲ့တမျိုး
စေတနာရှင်ကြီး ဖြစ်တလှည့်နဲ့...
အဆိပ်မှန်းသိရတဲ့ အဖြစ်ကိုလည်း
ငါတို့တခါပြန်မလိုချင်ဘူး.....
ချောက်တခါ၊ ချော့တလှည့်
အပေါ်ယံ သကာရည်သုတ်လိမ်းထားတဲ့
စကားလုံးတွေနဲ့လည်း
ထပ်ပြီးမလှည့်ဖျားပါနဲ့တော့...
ကယ်တင်ရှင်ကြီး အဖြစ်နဲ့တမျိုး
စေတနာရှင်ကြီး ဖြစ်တလှည့်နဲ့...
ငါတို့ရဲ့ အိမ်မက်တွေကို
မဖမ်းစားပါနဲ့တော့......
လက်တဆုပ်စာသော လူတစ်စု
" စိန်စီသောည " တွေကို ပျော်မွေ့နိုင်ဖို့
မိသားစုတွေနဲ့ အနာဂတ်တွေကိုရင်း
ကံတရားနဲ့ အလောင်းအစားလုပ်ပြီး
ကမ္ဘာအနှံခြေဆန့်လို့
ရေကြည်ရာ မြက်နုရတဲ့(ကျွန်ဘဝ) အဖြစ်မျိုးတွေကိုလည်း
ငါတို့ မလိုချင်တော့ဘူး.........
အေးချမ်းပြီး စိတ်ရှည်သီးခံနိုင်လွန်းတတ်တဲ့
ငါတို့ရဲ့ ပင်ကိုယ်ဂုဏ်သတ္တိတွေကိုလည်း
လူတစ်စု ဖင်ခုထိုင်ခဲ့တာ
နှစ်ပေါင်းများခဲ့ပါပြီး.......
" ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါ " ဆိုတဲ့
ခေါ်ဆောင်ရာနောက်ကို
တလူလူတက်နေတဲ့
ငါတို့ရဲ့ ဦးနှောက်တွေနဲ့ အနာဂတ်တွေ
ပိတ်လှောင်ခံခဲ့ရပေါင်းလည်း မနည်းခဲ့ပြီး...
မြို့စားကြီး(နေဘုန်းလတ် @ ဘုန်းဦးမော်) ပြောသလိုပါဘဲ
" ငါတို့ရဲ့ စိတ်ဓါတ်နဲ့ အနုပညာကို
အကျဉ်းချထားလို့ မရနိုင်ခဲ့ပါဘူး ..."
လက်တဖက်က မုန့် ၊ လက်တဖက်က တုတ်
ထူးမခြားနား ပတ်ပျိုးကိုတီးလို့
၉၀ ပြည့်ရတု အမှတ်တရ တခန်းရပ်ပြဇတ်တွေကိုလည်း
ငါတို့တခါပြန်မကြည့်ချင်တော့ဘူး.....
( ၁၉၉၀ ပြည့်နှစ်ရဲ့ ကံကြမ္မာကို ပြန်တွေးနေမိလေရဲ့)
ဒီတကြိမ်တော့
" ဝင်စို့ ၊ ထွက်စို့ " မအော်ကြေး.....
" ဘွားတေး " မပါကြေး......
ခြေထိုးမခံကြေး...
ယှဉ်ကြရအောင်လား...
ငါတို့ရဲ့ အိမ်မက်တွေ............
ငါတို့ရဲ့ အနာဂတ်တွေ..........
ငါတို့ရဲ့ အဖြူရောင်တိမ်တိုက်တွေ......
ငါတို့ရဲ့လက်တွေနဲ့ ဖန်တီးနိုင်ခွင့်ရှိရမယ်.....

်မြို့စားကြီး နေဘုန်းလတ် နှင့် အိမ်ပြန်ခွင့်ရသူများကို ဂုဏ်ပြုပါ၏
အောင်ဇော် ခံစားသည် (Written by AUNG ZAW )
Monday, January 16, 2012
တချိန်က ရေကြည်အိုင် (ငရဲခန်း) ရဲ့ အရှင်သခင်
*Posted by admin on January 15, 2012* *မောင်ညီ MMCP*
" တချိန်က ရေကြည်အိုင်(ငရဲခန်း) ရဲ့ အရှင်သခင် "
ဦးခင်ညွန့်ကို လွှတ်လိုက်တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲဆိုတာ
စမ်းသပ်ကြည့်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့လူဟာပြန်လည်ထင်ပေါ် လာနိုင်သေးလားဆိုတာ စမ်းကြည့်တာလဲဖြစ်နိုင်တယ်။ သူလုပ်ခဲ့တာ ကောင်းခဲ့တာ တွေရှိတယ် ဘာဘာညာညာ။ မြန်မာပြည် ဒီလောက် ဆိုးရွားသွားခဲ့တဲ့ အဓိက တရားခံထဲမှာသူပါ တယ်။ တရားခံနံပါတ် ၁ ဟာ ဦးနေ၀င်းဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။ ၈၈ မှာ အတိုက်အခံတွေဘက်က ကြားဖြတ်အစိုးရဖွဲ့ဖို့ နှောင့်နှေးခဲ့ရတဲ့ အခြေအနေမှာ သပိတ်တန်ပြန်ရေး ဖော်ဆောင်သွားတာ သူနဲ့ ထောက်တွေပဲ။ ၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေဖောက်ပြ မင်းမဲ့စရိုက်ဆိုတဲ့ဘက်ကို လုပ်ပြသွားတာ သူပဲ။ အဲ့ဒါကြောင့် ဒီနေ့တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင်လိုက်ရတယ်ဆိုတဲ့
ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အလှည့်စားခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ်နှိမ်နှင်းရေးတွေကို လူမဆန်အောင် ကြူပင်ခုတ် ကြူငုတ်မကျန်လုပ်ခဲ့တာ သူပါပဲ။ ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေက ငရဲခန်းနှိပ်စက်ခန်းတွေဟာ သူ့စနက်တွေချည်းပါပဲ။ ဆိုင်ကယ် မောင်းခိုင်းတာကအစ သောက်တဲ့ရေထဲ မာကျူရီထည့်ပြီး ဦးနှောက်ပျက်အောင် လုပ်တဲ့အထိ ဆိုးရွားခဲ့တာသူပါပဲ။ ရေကြည်အိုင်ကို ၀င်သွားတဲ့သူ မှန်သမျှ အကောင်းအတိုင်း ပြန်ထွက်လာတယ် ဆိုတာ အလွန်ရှားပါတယ်။ လူမသိ သူမသိ လက်လွန်သွားတဲ့သူတွေ ဘယ်လောက်ရှိသလဲဆိုတာ
ရေတွက်လို့ မရပါဘူး။ တကယ်တော့ မြန်မာတပြည်လုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ခဲ့တာမျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။ ညအချိန်မတော် အိမ်တံခါးလာခေါက်ပြီး ညီလေး အစ်ကိုတို့နဲ့ ခဏလိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ်ခံရမလဲဆိုတဲ့ အကြောက်တရားမျိုးကို လူတွေစိတ်ထဲ ရိုက်သွင်းခဲ့တာ ဗိုလ်ချုပ်ခင်ညွန့်ပါ။ နိုင်ငံရေးဆိုတာ လုပ်တာနဲ့ သင်္ချိုင်းကုန်းပဲ ပြေးမြင်အောင် လုပ်ထားတာသူပါ။
စစ်သားတွေဟာ မျက်ကန်းမျိုးချစ်နဲ့ ငါတကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ စစ်ဗိုလ်ချုပ်တွေချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်လို ပါးပါးနပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သားမဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည်ခဲ့တာပါ။ အာဏာရှင်တွေရဲ့ ကယ်တင်ရှင်ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ
နေရာပေးခြင်း ခံခဲ့ရတာပါ။ ဦးနေ၀င်း ဆင်းပြီး သူ့သြဇာခံတွေလဲ ထည့်မရတဲ့အဆုံးမှာ ဗိုလ်ခင်ညွန့်ကို
နောက်ဆုံးလက်နက်အဖြစ် သုံးခဲ့တာပဲ။ အဲ့ဒီအချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။နောက်က တကယ်လှုပ်ရှားခဲ့တာ အတွင်းရေးမှူး (၁) တွင်း (၂)နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်မျိုးညွန့်တို့ပဲ။ အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲသူက ဗိုလ်ချုပ်ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေကိုလဲ အစက ဟန်ပြအဖြစ်
တင်ခဲ့တာပဲ။ နောက်မှ သူတို့ အပေါ်ရောက်သွားလို့ ခံလိုက်ရတာ။ သေနတ်ရှိမှနေရာမြဲတဲ့စစ်တပ်ထဲမှာ စစ်ကောင်းကောင်း မတိုက်တတ်၊ စစ်တပ်ကျောထောက်နောက်ခံမရှိတဲ့ ဗိုလ် ခင်ညွန့်ဟာ အခြေအနေ မကောင်းဘူးဆိုတာသိပါတယ်။ဒါကြောင့် တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေး လုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခိုအဖွဲ့၊ လက်နက်ကိုင် သူပုန်အဖွဲတချို့ကိုငြိမ်းချမ်းရေးအဖွဲ့တွေအဖြစ် ဖန်တီးပြီး ကျောထောက်နောက်ခံရအောင် ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ကိုးကန့်တို့ဟာ မြန်မာလူမျိုးထဲ တောင် ပါဝင်ခွင့်ရခဲ့ပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့တွေ သူတလူ၊ ငါတမင်း လုပ်ချင်တိုင်းလုပ်တာကို ခံခဲ့ရ ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံမရှိတဲ့ သူအဖို့ ဒီလို ရည်ရှည်သွားတာဟာ နောက်ဆုံး
သူဒုက္ခရောက်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။ စစ်အစိုးရအနေနဲ့ ရည်ရှည်သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက်တာလဲ ပါမယ်ထင်ပါတယ်။ ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။ အဲ့ဒီအချိန်မှာသာ သူ့ကို ပေးကခဲ့ ရင် အခု ပုဆိုးဝတ်ကြီးတွေကို ဗီလိန်နေရာထားပြီး သူက မင်းသားနေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချခံခဲ့ရတာပါ။ တကယ်တော့ ဗိုလ်ချုပ်ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ်ပါဘူး။ ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြောတတ်ဘူး။
Ref:// မှော်ဆရာအဖွဲ့

Sunday, January 15, 2012
လာမနွယ်ခိုင်းပါနဲ့
ဒဿဂိရီ ကိုပြန်ပြီးအသက်မသွင်းကြပါနဲ့ ( မျက်နှာဖုံးအမျိုးမျိုးစွပ်နိုင်တဲ့သူ)
မနေ့က နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာပြီး ခင်ညွန့်နဲ့ပတ်သက်ပြီး ခင်ညွန့်အကြောင်းကို ထိုးတင်ပြီး ရေးသားထားတဲ့ ရေးသားမှုအနည်းငယ်ကို ကျနော်ဖတ်ရှုလိုက်ရပါတယ်။ သနားကြင်နာလို့ပဲဖြစ်ဖြစ် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီလူနဲ့ မပတ်သက်တော့ဖို့ ဒီနေရာကနေ ကျနော့်အနေနဲ့တိုက်တွန်းပါရစေ- မေတ္တာရပ်ခံပါရစေ..။
ပါးစပ်ထဲက ဘုရားဘုရားနဲ့ လက်က ကားရား- ကားရားလုပ်မယ့် သူတော်ကောင်းယောင်ဆောင်နေတဲ့ ကြောင်သူတော်ကြွက်သူခိုးဆိုတာ ဒီလူမှဒီလူစစ်စစ်ပါပဲ၊ လွတ်လာတဲ့ဗီဒီယိုဓါတ်ပုံထဲကပုံကိုကြည့်ပါ...
စစ်ဘောင်းဘီကမချွတ်သေးတဲ့ပုံကိုက စောင့်ချိုးမပြေသေးဘူးဆိုတာကို မီးမောင်းထိုးပြထားသလိုမျိုး သက်ရောက်နေပါတယ်။ သတင်းထောက်တွေနဲ့ အင်တာဗျူးမှာ ကျနော်နိုင်ငံရေးကိုမလုပ်တော့ ဘူးလို့ဖြေဆိုခဲ့ပြီး...သမ္မတအကြံပေးအဖြစ်ခန့်ရင် လုပ်မလားလို့မေးတော့တချက်တွေဝေသွားပြီး ကျနော်မစဉ်းစားရသေးဘူးလို့ ကြောင်တောင်တောင်လုပ်ပြီးဖြေကြားခဲ့တာကိုက ရရင်လုပ်မယ့် အထာ မျိုးဖြစ်နေပါတယ်။ အမှန်မှာ မိမိက ဘာသာတရားကိုပဲလုပ်တော့မယ်ဆိုပြီး ရင်ထဲကဆုံးဖြတ်ထားရင်. ..နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘာရာထူးပဲပေးပေး မလုပ်တော့ဘူးလို့ သတင်းထောက်ရဲ့အမေးကို
တိုက်ရိုက်ဖြေကြားရမှာပါ....အခုလိုဖြေကြားတဲ့သဘောက
နိုင်ငံရေးနဲ့ပက်သက်ပြီး နွယ်လို့ရရင် နွယ်ချင်သေးတဲ့ သဘောကို
သက်ရောက်နေပါတယ်။ သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတနဲ့
တွေ့ဆုံဆွေးနွေးတာကောင်းတယ်လို့...ဒီအချိန်မှာ ဒီစကားမပြောရင်ဘာစကားသွားပြောရမှာလဲ.. ..ဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံတောင်မှကောင်းသေးတယ်- ထောက်ခံလိုက်မှ သူ့ဂွင်ထဲ ရောက်သွားရင် ဒုက္ခ....ခင်ညွန့်ရဲ့ ဥပတိကိုကြည့်ပါ အမြဲတမ်းဆင်ကြံ ကြံနေမယ့်ရုပ်ပါ ...ဥပတိရုပ် နဲ့ကော-လူနဲ့ကော- စိတ်နဲ့ပါ လိုက်ဖက်ညီထွေပါတယ်...သူ့ဆရာသန်းရွှေရဲ့ ဥပတိရုပ်က အမြဲတမ်း အကောက်ကြံတဲ့မြေခွေးတို့လို....ဝံပုလွေတွေလိုဥပတိရုပ်ပါ..လိုက်လည်းလိုက်ဖက်တဲ့ ဆရာတပြည့် နှစ်ကောင်ပါပဲ..။ကျနော်ဆိုလိုချင်တာက....အာဏာရှင်တွေဟာ အာဏာလက်ဝယ်ရှိစဉ်တစ်မျိုး- အာဏာလက်မဲ့ဘဝနဲ့တစ်မျိုး စကားကိုအမျိုးမျိုးအထည်လဲပြီးပြောတတ်ကြပါတယ်။မာယာထောင်ချောက် ဆိုတာသိကြမှာပေါ့...ကလိမ်ကကျစ်လမ်းစဉ် ငြိမ်ပိအစွမ်းကိုလည်းတွေ့ဘူး-မြင်ဘူး- ကြားဘူးကြပါ
လိမ့်မည်။
ဒီလူကြောင့် ပြည်မြန်မာကြီး
ဂျွန်းထိုးမှောက်ခုံဖြစ်ခဲ့ရသလို....ဒီလူကြောင့် ပြည်သူအများ
ဒုက္ခပေါင်းမျိုးစုံခံစားခဲ့ရပြီး ဒီလူကြောင့် နိုင်ငံရေးသမားတွေ ဘယ်လိုအဖမ်းခံရပြီး-ဘယ်လိုညှင်းပမ်း နှိပ့်စက်သတ်ဖြတ်မှုတွေခံခဲ့ရသလဲဆိုတာ မပြောလည်းသိကြမည်ထင်ပါသည်။
၈၈
ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံအတွင်းမှာ လက်စွမ်းပြခဲ့တဲ့
အဓိကဇတ်ကောင်ထဲမှာ သူလည်း အပါအဝင်ပေါ့..။ ၈၈ နောက်ပိုင်း
တန်ခိုးသြဇာအာဏာကြီးထွားလာပြီး ဆရာစစ်စစ်နေဝင်းကိုဖမ်းစီးပြီး
ဇတ်တူသားစားတဲ့ ဇတ်လိုက်မင်းသားလည်းသူပါပဲ၊အနာဂတ်မြန်မာနိုင်ငံရေးမှာတန်ခိုးသြဇာကြီးမားလာဖို့ ထောက်လှမ်းရေးကွန်ယက်ကြီးကိုချဲ့ထွင်ပြီး စစ်တပ်ကို ခါးပိုက်ဆောင်ဖို့ကြိုးစားရင်းက....မြွေမြွေချင်း ခြေမြင်တဲ့ သန်းရွှေရဲ့ လက်ဦးမှုကိုခံလိုက်ရပြီး ဆိုင်းငံထောင်၄၄နှစ် နဲ့ ဂိန်သွားတယ်ဆိုတာလည်းအများ
အသိပါ..။ သူ့ဘဝကိုတရားလမ်းကြောင်းနဲ့ သွားတာသူ့အတွက်ပိုသင့်တော်ပါတယ်.... နိုင်ငံရေးလမ်း ကြောင်းထဲကို ပြန်ဝင်လာဖို့လမ်းကြောင်းတွေ မတင်ကြပါနဲ့- နိုင်ငံရေးလမ်းကြောင်းထဲပြန်ဝင်လာဖို့ အရေးအသားတွေမရေးသားကြဖို့ ဒီနေရာကနေမေတ္တာရပ်ခံပါရစေ..ဒါကြောင့်.... အနာဂတ်မြန်မာ နိုင်ငံရေးလောကမှာ
လာမနွယ်ဖို့ လာမပက်သက်တော့ဖို့ သက်ဆိုင်သူကိုရော....သက်မဆိုင်သူ တွေကိုရော
အသိပေးကြေငြာမောင်းခတ်လိုက်ပါရစေ..။
( အားလုံးကို လေးစားလျှက်....ကိုဗလိုင် )
Ref:// Ko Baloi on Saturday, January 14, 2012 on facebook မှဖော်ပြပါသည်...
Sunday, January 1, 2012
နှုတ်ဆက်ပါသည်၊ ကြိုဆိုပါဧ။်
" ဒေါက်..ဒေါက်....ဒေါက်.."
အိပ်ချင်မူးတူးနဲ့ တံခါးတချပ်ဆွဲဖွင့်ပေးလိုက်မိတရ်
မဖိတ်ခေါ်ဘဲ ရောက်နှင့်လာပြီးပဲ
ညကအတွေးတွေ တဒါဇင်ကျော်နဲ့ အတူအိပ်ရာဝင်ဖြစ်ခဲ့လို့ပါ...
ကိုယ်နေတဲ့အခန်းလေးထဲ တချက်ပြန်ဝေ့ကြည့်လိုက်မိတရ်
နှုတ်မဆက်ဘဲ ထွက်ခွါသွားပြီးပေါ့
ညတုန်းကဘဲ အတူအိပ်ရာဝင်ခဲ့ပါသေးတယ်...
ငါကိုဘာတွေနဲ့ အတူထားရစ်ခဲ့ပြီးလဲ
ငါချစ်ခင်ရတဲ့ သူတွေကိုလွမ်းဆွတ်ရတဲ့ ဝေဒနာတွေလား....
အထီးကျန်မှု ရသတွေလား...
မွန်းကျပ်သော ခံစားမှုတွေလား....
သေချာတာတော့ တချို့အချိန်တွေကို
ရုန်းကန်လှုပ်ရှားရင်း ဖြတ်သန်းခဲ့ရတာတွေပါဘဲ.....
နှုတ်ဆက်ကြ ၊ ကြိုဆိုကြ
ဘယ်သူတွေက ပြဌာန်းခဲ့တဲ့ ဂါရဝတရားလဲ
ငါကိုယ်တိုင်လဲ ပျော်ဝင်ခံစားနေမိပါရဲ့......
ကောင်းခြင်းတွေကိုဘဲ မျော်လင့်မိတာ
လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေးပါ...
အော် လူတိုင်းအပြောင်းအလဲတွေကိုဘဲ တမ်းတနေမိပါရဲ့
(ကျွန်တော်အပါအဝင်)
" We can change..." လို့
ကြားကောင်းအောင်အော်ဟစ်နေကြလေရဲ့
ဘယ်အတိုင်းအတာထိ တပ်မက်နေမိတာလဲ
ဘယ်လောက်ထိလုပ်နိုင်စွမ်း ရှိကြမလဲ....
ခေါက်ရိုးကျိုးပြီး မှိုတက်နေတဲ့ စကားလုံးတွေနဲ့
ငါ့ကို ချွေးမသိပ်ပါနဲ့...
ပန်းတစ်ပွင့်နဲ့ဖုံးအုပ်ထားတဲ့ ဓါးတစ်လက်နှင့်
ငါ့နောက်ကျောကို မချိန်ရွယ်ထားပါနဲ့....
လုပ်ချင်ရာလုပ်ပြီးမှ အာဃတတွေကို ခဝါချလိုက်ပါတဲ့
ဘဝဆိုတာ ရိုက်ကွင်းတခုမဟုတ်ဘူး
မျက်ရည်ပြဇတ်တွေနဲ့ ငါ့နှလုံးသားကို
ဖမ်းစားဖို့ မကြိုးစားပါနဲ့
တစ်ခုတည်းရှိတဲ့ ငါ့ရင်ဘတ်နဲ့ ရင်းနှီးခဲ့၇တာတွေပါ...
"အပြုသဘောဆောင်ပါ " တဲ့
မွေးကတည်းက မျိုသိပ်မူနဲ့ ပေးဆပ်ဖို့ဘဲလား....
ခွင့်လွတ်ခြင်းနဲ့ နားလည်မှု့ကတိုက်ရိုက်အချိုးကျတယ်ဆိုရင်
ပေးဆပ်ခြင်းနဲ့ အသိအမှတ်ပြုမှု တခုကိုလည်း
ပြောင်းပြန်အချိုးကျစေချင်ပါတယ်....
စာကြွင်း။ ။မစားရကြာပြီဖြစ်တဲ့ အမေ့လက်ရာကိုလည်း လွမ်းတရ်....
ခွဲခွါနေရတဲ့ လူတွေကိုလည်း လွမ်းတရ်....
မတွေ့တာကြာတဲ့ လူတွေကိုလည်း သတိရတရ်...
ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့
ပျော်စရာအချိန်တွေကိုလည်း ပြန်တမ်းတမိတရ်.....
* တွေ့ချင်တဲ့သူရဲ့ အနားကိုလည်း အရောက်သွားချင်တရ်..!
( ရင်းတွင်းဖြစ်မဟုတ်ပါ ၊ ရင်ဘတ်ထဲကလာတာပါ...ကိုယ်တိုင်ရေးပြီး
မနည်းပြန်ဖတ်ယူရတယ်....)
ရေးသားသူ - အောင်ဇော်@AUNGZAW

Saturday, December 31, 2011
သူမဆီသို့
In my heart, In my blood, In my dream ....
you still the only one...!
It's my destiny , my philosophy......
" ဒီဇင်ဘာအချစ်..."
နှင်းတွေတဖွဲဖွဲ ခုန်ပေါက်မြှုတူးတဲ့ ရာသီတခု
အိမ်မက်ထဲမှာပါ...( တကယ်တော့ ကျွန်တော်ရှိတဲ့အရပ်မှာ နှင်းတွေမကျပါ)
သူမနဲ့စတွေ့ခဲ့တယ် မကြာသေးတဲ့ အချိန်တွေကပေါ့.....
သူမက ပြောတယ်
" အချိန်ဆိုတာ လူတွေရဲ့ ကန့်သတ်မှုတခုတဲ့ "
ကျွန်တော်တို့နှစ်ဦးရဲ့ ရင်ခုန်သံစည်ချက်တွေက
ထပ်တူကျလို့.......
လူချင်းကတော့ သူမပြေနေကျလို
ပဲခူးနဲ့သန်လျင် ဝေးနေသလိုပါဘဲ.........
သို့တစေလည်း...
ကျွန်တော်တို့နှစ်ဦးသားရဲ့ ရင်ဘတ်တွေက
မြုမှုန်စာလောက်တောင် မဝေးကြဘူးလေ ချစ်သူ....
တကယ်တော့
မင်းနဲ့ ငါဟာ အဖြူရောင်တိမ်တိုက်တွေရဲ့ အောက်မှာ
အတူတူရှင်သန်ခွင့်ရနေကြတာပါ.....
အဖြူရောင် ရိုးသားမှုတွေ...
အဖြူရောင် သံယောဇဉ်တွေ...
အဖြူရောင် အနာဂတ်တွေနဲ့.....
အဖြူရောင် ..........
( မှတ်ချက်။ ။ ခေါင်းစဉ်လေးကိုတော့ သူမကဘဲ မွေးဖွါးပေးခဲ့တာပါ )
Written by AUNGZAW

" အဖြူရောင် စာရေးဆရာမလေးသို့....."
အဖြူရောင် ဒီဇင်ဘာမြုနှင်းတွေ
ကျဆင်းလို့ ချစ်သူ
မင်းရှိတဲ့ အရပ်မှာပေါ့....
အဖြူရောင်ဆောင်းနှင်းတွေဆိုတာ
ငါရှိတဲ့ အရပ်မှာတော့
ငါနှင့်မဆိုင်သလို
သို့တစေလည်း.......
ငါတို့နှစ်ယောက်ရဲ့ အိမ်မက်တွေထဲမှာ
ဒီဇင်ဘာ မြူနှင်းတွေဟာ
ငါတို့နှလုံးသွေးတွေ လည်ပတ်စီးဆင်းနေသရွေ့
အဖြူရောင် သံယောဇဉ်တွေ အဖြစ်နဲ့
ဝေနေမှာပါ.......
ငါတို့နှစ်ယောက်ရဲ့ ရှင်သန်မူတွေ
မိုင်ထောင်ချီ ဝေးနေပေမရ့်
ငါတို့နှစ်ယောက်ရဲ့ ရပ်တည်မူတွေ
အရှေ့ နဲ့ အနောက် ဆန့်ကျင်နေပေမရ့်
ငါတို့ရဲ့ ရင်ဘတ်တွေ
ထပ်တူကျနေမှာပါ ချစ်သူ......
အချိန်တိုင်းလည်း သတိမရနေစေချင်ဘူး
အမြဲတမ်းလည်း မလွမ်းနေစေချင်ဘူး
မင်း နာကျင်ပင်ပန်း နေရမှာစိုးလို့ပါ ချစ်သူ........
( Written by AUNGZAW )

Sunday, August 10, 2008
Subscribe to:
Posts (Atom)