Pages

Friday, June 8, 2012

Hang Tuah ဂျွမ္မာဆုတောင်းပွဲ(KL)

        ယနေ့ ၈.၆.၂၀၁၂ ဂျွမ္မာ(သောကြာ)နေ့တွင် မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ ဟန်သွာ ဗလီဝတ်ကျောင်းတော်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသော ပြည်တွင်းနေအစ္စလာမ် ညီနောင်များအတွက် အီဆာလေစ၀ဘ် ပို့သခြင်းနှင့် ဆုတောင်းမှု့များ ပြုလုပ်ခဲ့ကြပါသည်။           မလေးရှားနိုင်ငံရောက် မြန်မာပြည်ဖွား အစ္စလာမ်များမှ စုပေါင်းစီစဉ်ကြကြောင်းသိ၇ှိရပါသည်။အစီအစဉ်များအရ ရှေ့ဦးစွာ ယနေ့ဂျွမ္မာနမဇ်ဝတ်ပြုအပြီးတွင် ဆွလာသွလ်ဟာဂျဇ် နမာဇ်ကို ရှေ့ဆောင်ဆရာတော်မှ ဦးဆောင်ပြီး ဂျမအသ်နှင့်ကွ ၀တ်ပြုကြသည်။ မြန်မာပြည်ဖွားများအပါအ၀င် မလေးနိုင်ငံသားများနှင့် ဂျွမ္မာဝတ်ပြုလာကြသော အခြားနိုင်ငံခြားသားအချို့ပါ ပါဝင်ခဲ့ကြသည်။ ယင်းနောက် မြန်မာပြည်ဖွားများက စူရာယာစိန် ကိုစုပေါင်းဖတ်ရွတ်ကြသည်။ အစ္စလာမ်သည် ငြိမ်းချမ်းသော ဘာသာတရားဖြစ်ကြောင်းနှင့် အလ္လာဟ်အသျှင်မြတ်ထံတော်မှ ဒိုအာဆုတောင်းဖြင့်အကူအညီရယူကြရန် ဆရာတော်ကြီးများမှ တရားဟောကြားခဲ့ပြီး ပြည်တွင်းတွင်လည်း လူကြီးများက ယခုဖြစ်စဉ်အားဖြေရှင်းနေကြောင်းနှင့် မလေးရှားရောက်မြန်မာပြည်ဖွားအစ္စလာမ်များ အနေနဲ့သည်းခံခြင်းတရားဖြင့် ဖြေရှင်းကြပါရန် မြန်မာမွတ်စလင်အဖွဲ့(မလေးရှား)(MMA) မှ တာဝန်ရှိပုဂ္ဂိုလ်တဦးကလည်း တိုက်တွန်းပြောကြားသွားခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာကြသော ညီနောင်များအား အကျွေးအမွေးဖြင့် ဧည့်ခံခဲ့ပါသည်။
  ယင်းဆုတောင်းပွဲသို့ မြန်မာပြည်ဖွားအစ္စလာမ်များ ၄၀၀ ကျော် ၅၀၀ ၀န်းကျင်ခန့်တက်ရောက်ခဲ့ကြောင်း MMA မှ တာဝန်ရှိပုဂ္ဂိုလ် တဦးရဲ့ပြောကြားချက်အရ သိရှိရပါသည်။
ရေးသားသူ - အောင်ဇော်@AUNGZAW

No comments:

Post a Comment

တစုံတရာထားခဲ့တဲ့အတွက် ကျေးဇူးပါ ..မိတ်ဆွေ