Pages

Thursday, June 14, 2012

" သိက္ခာ၊ ကျင့်ဝတ်၊ တန်ဖိုး နဲ့ နေရာ "

လိုရင်းတိုရှင်း ပြောရရင် စတုတ္ထဒေါက်တိုင်လို့ကြွေးကြော်ေ
နကြတဲ့ တချို့သော တာဝန်မဲ့၊ တချို့ ကျင့်ဝတ်နှင့်မညီသော၊ မီဒီယာသမားများ(တချို့) ဟာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို လှေခါးထစ်လိုနင်းပြီး သူတို့ရဲ့ အကျိုးစီးပွါးတွေအတွက် ခါတော်မှီ အမြတ်ထုတ်နေကြတာကို အထင်အရှားမြင်နေရပါတယ်။ သတင်းထူး သတင်းဦး ဖြစ်ရင်ပြီးရော၊ ခိုင်လုံတာတွေ မခိုင်လုံတာတွေ မစဉ်းစားကြဘူး။
သတင်းတစ်ပုဒ်ကဘာတေ...ွ...ကိုဦးတည်သွားစေနိုင်သလဲဆိုတာတွေကိုလည်း ထည့်မထွက်ကြဘူး။တချို့မီဒီယာစာမျက်နှာတွေဟာ တချို့လူမှု့ဝက်ဆိုဒ်တွေထဲက တကိုယ်ရေးအပျော်သုံး စာမျက်နှာတွေလောက်တောင် အဆင့်တန်းမဲ့စွာ ရေးသားဖော်ပြနေကြသည်မှာ ရှက်ဖွယ်လိလိပင်ဖြစ်ဧ။် ဖြစ်ပျက်နေတာတွေကို အဆင်းဘီးတပ် လုပ်ပေးနေကြပါတယ်။ အပ်နှင့်ထွင်းပြီးကုရမဲ့ ဒဏ်ရာကို ပုဆိန်နဲ့ခွဲစိတ်ဖို့ ပုဆိန်ရိုးကမ်းပေးနေကြသလိုပါဘဲ။ ပြည်တွင်းမီဒီယာတချို့ဟာ တကယ်ဘဲ မျက်နှာပြောင်တိုက်ပြီး ကျင့်ဝတ်တွေကို ခ၀ါချ ၊ လူပြိန်းကြိုက် စာနယ်ဇင်း ဘွဲ့မျိုးကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ခံယူနေကြတာလား။ တစုံတခုသော ပြဿနာ( Crisis) နဲ့ကြုံရတာနဲ့ စစ်တပ်ကို ဆွဲခေါ်ပြီး စစ်အာဏာသုံးပြီး ဖြေရှင်းရတာကတော့ ရှက်တတ်သူများ ရှက်မိပါလိမ့်မည်။ တိုင်ပြည်နဲ့လူမျိုးရဲ့ ပုံရိပ်( Image) ကိုလည်း ထိခိုက်ပါသည်။ မြန်မာနိုင်ငံသားများသည် စစ်အုပ်ချုပ်ရေးနဲ့မှ တန်သည် ဆိုသော အဖြစ်မျိုးအဖြစ်မခံနိုင်ပါ။ " ပညာရှိသားသမီးသည် ပညာဥာဏ်ဖြင့် ဆုံးမသလို၊ လူမိုက်သားသမီးသည် ၀ါးရင်းတုတ်ဖြင့် ဆုံးမရသည် " အမြင်ကျဉ်းမြောင်သော အစွန်းရောက် အမျိုးသားရေး (မျက်ကန်းမျိုးချစ်) များလည်း မဖြစ်သင့်ပါ။ သက်တမ်းနုသေးသော ဒီမိုကရေစီနိုင်ငံမှာ စတုတ္ထမဏိုင်ကို တာဝန်ယူထားသူများက တာဝန်ကျေစေချင်ပါသည် (ဘက်မလိုက်ဘဲ) ။ တချိန်မှာတော့ ဒီလိုမီဒီယာကျင့်ဝတ်နဲ့မညီသော၊ လူ့ကျင့်ဝတ်နဲ့မညီသော မီဒီယာများ၊ သိက္ခာမဲ့သော မီဒီယာများဟာ သမိုင်းမှာ အမည်းစက်နဲ့ မှတ်တမ်းထိုးသွားမှာပါ။ အနာဂတ်မှာ မျိုးဆက်သစ်တွေက ထိုမီဒီယာများကို " စုတ်ပြတ်သတ်နေသော မီဒီယာများ " လို့ သမိုင်းမှာ နေရာတနေရာပေးကြမှာ မလွဲဧကန်ပါ။ ခင်ဗျာတို့ အခုနေရာတနေရာ အတွက်လုနေကြရပေမဲ့ အနာဂတ်မျိုးဆက်တွေက နေရာပေးကြမှာပါ။ မှတ်ကျောက်တင်ကြမှာပါ။ တခြားသောမဏိုင်များ တိုးတက်လာသလို စတုတ္ထမဏိုင်ဖြစ်တဲ့ မြန်မာ့မီဒီယာလောကကိုလည်း ဂုဏ်သိက္ခာတွေ ၊ စံတန်ဖိုးတွေ တိုးတက်လာစေချင်ပါသည်။
Written by - အောင်ဇော်(Whitecloud)

No comments:

Post a Comment

တစုံတရာထားခဲ့တဲ့အတွက် ကျေးဇူးပါ ..မိတ်ဆွေ