Pages

Friday, June 8, 2012

မောင်းတော အဓိကရုဏ်းအပေါ် ကန့် ကွက်ချက်

ဇွန် ၈၊ ၂၀၁၂
(၁) ဇွန်လ ၈ ရက်နေ့ တွင် မောင်းတောမြို့ ရိုဟင်ဂျာများက ဒေသခံများ၏အိမ်များကို မီးရှို့ ဖျက်ဆီးကြောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်များကို ခဲများဖြင့်ထုပေါက်တိုက်ခိုက်ခဲ့ကြောင်းကြားသိရသည်။
(၂) ဤလုပ်ရပ်သည် တရားဥပဒေကင်းမဲ့သည့်လုပ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာအတူနေထိုင် နေရေးကို အဟန့် အတားဖြစ်စေသည့် လုပ်ရပ်ဖြစ်သည်။
(၃) ဤဖြစ်စဉ်တွင် မြန်မာပြည်နေရာအ၀ှမ်းရှိ မိမိတို့  မြန်မာမွတ်စလင်မ်များမပါဝင်သကဲ့သို့  သဘောတူ ထောက်ခံခြင်းလည်းမရှိပါ။
(၄) မိမိတို့  မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များအနေနှင့်သော်လည်းကောင်း၊ မြန်မာပြည်မှ အစ္စလာမ်အ ဖွဲ့ အစည်းကြီးများမှသော်လည်းကောင်း လူစုလူဝေးဖြင့် လှုပ်ရှားမှုများ၊ ဆန္ဒပြမှုများမလုပ်ရန် အတိအလင်း တားဆီးထားပြီးဖြစ်ရာ မောင်းတောဖြစ်ရပ်သည် မြန်မာတ၀ှမ်းမှ အများစု မြန်မာမွတ်စလင်မ်များ၏ ဆန္ဒနှင့် ဖီဆန် လျက်ရှိသည်။ နိုင်ငံတော်အစိုးရနှင့် ဘာသာရေးအဖွဲ့ အစည်းကြီးများ၏ တရားဥပဒေစိုးမိုးရေးမူအတိုင်း ကြိုးပမ်း ချက်ကို သွေဖယ်ရာရောက်သည်။
(၅) သို့ ရှိရာ မြန်မာမွတ်စလင်မ်များသည် အများပြည်သူ မြန်မာပြည်သူပြည်သားများနှင့် တထပ်တည်းပင် မောင်းတာအကြမ်းဖက်မှု ကိုဆန့် ကျင်ပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် မောင်းတောကိစ္စတွင် တာဝန်ရှိသူ များကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီး တရားဥပဒေများအရ အရေးယူဆောင်ရွက်ပေးပါရန် တောင်းဆိုပါသည်။
(၆) မောင်းတောဖြစ်ရပ်ကို မြန်မာမွတ်စလင်မ်များ လက်မခံနိုင်သည့်အတွက် မိမိတို့ မြန်မာမွတ်စ လင်မ်များအနေဖြင့် 
မောင်တောအကြမ်းဖက်မှုအပါအ၀င် လူမျိုးရေး ဘာသာရေး အကြမ်းဖက်မှုမှန်သမျှကို မြန်မာပြည်သူများနှင့် လက်တွဲကာ ဆန့် ကျင်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုမှန်သမျှကို တရားဥပဒေအရ ထိထိရောက်ရောက်ဆောင် ရွက်ပေးရန် အာဏာပိုင်များသို့ တောင်းဆိုပါသည်။
မြန်မာမွတ်စလင်မ်ကျောင်းသားလူငယ်များ

No comments:

Post a Comment

တစုံတရာထားခဲ့တဲ့အတွက် ကျေးဇူးပါ ..မိတ်ဆွေ